မော်လမြိုင်၊ မတ် ၁၇ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်ရွှေဈေးကွက်အတွင်း အခေါက်ရွှေဈေးနှုန်းများ ယခုအပတ်အတွင်း မြင့်တက်လာကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေစစ်ဆေးရေးတာဝန်ခံ ဦးစိုးဝင်းက ပြောကြားသည်။

မတ်လဒုတိယအပတ်က မော်လမြိုင်ရွှေဈေးကွက်အတွင်း အခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ရ၈၉ဝဝဝ ကျပ်ရှိခဲ့ရာမှ မတ် ၁၇ ရက်နေ့တွင် တစ်ကျပ်သားလျှင် ရ၉၄ဝဝဝ ကျပ်အထိ မြင့်တက်လာခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

“ကမ္ဘာ့ရွှေဈေးထပ်တက်နိုင်တာကြောင့် ပြည်တွင်းရွှေဈေးထပ်တက်နိုင်တယ်” ဟု ဦးစိုးဝင်းက ခန့်မှန်းပြောဆိုသည်။

ထို့ပြင် မော်လမြိုင်ရွှေစျေးကွက်အတွင်း အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

“သင်္ကြန်ကာလနီးလို့ ပုံမှန်ထက် နည်းနည်းပိုရောင်းရတယ်” ဟု မော်လမြိုင် ဈေးကြီးရှိ အောင်သပြေရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကမ္ဘာ့ရွှေဈေးမှာမူ ပြီးခဲ့သည့်အပတ်က တစ်အောင်စလျှင် ၁၂၅ဝ ဒေါ်လာရှိခဲ့ရာမှ မတ် ၁၇ ရက်နေ့တွင် တစ်အောင်စလျှင် ၁၂၅၆ ဒေါ်လာထိ မြင့်တက်နေကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်မြို့တော်တွင်မူ အခေါက်ရွှေ တစ်ကျပ်သားလျှင် ရောင်စျေး ရ၉၉၆၀၀ ကျပ်အထိ ပေါက်စျေးရှိသည်။

Written by – ရောင်နီဝင်း

Leave a Reply