မော်လမြိုင် ၊ဖေဖော်ဝါရီ ၁၇ ။ ။ ပြည်တွင်းစစ် ရပ်တန့်ရေး နှင့် တိုင်းရင်းသားများ တန်းတူအခွင့် အရေး ကိစ္စများ ကို ဥပဒေပြုရေးမဏ္ဍိုင် က ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ တစ်ရပ်ကို ဖေဖော်ဝါရီလ ၁၇ရက်နေ့ ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ဖွဲ့စည်း လိုက်သည်။

ပြည်သူ့လွှတ်တော် လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ၏ တာဝန်နှင့် ရပိုင်ခွင့်များ ကို အသိပေး ပါ ယင်းကော်မတီ ဖွဲ့စည်း ကြောင်း အတည်ပြု ခဲ့သည်။

“အဓိကကတော့ တိုင်းရင်းသားတွေရဲ့ ကိစ္စတွေ၊ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ပြည်တွင်း စစ်တွေရပ်တန့် နဲ့ ငြိမ်းချမ်းရေး နဲ့ ဆိုင် တဲ့ ကိစ္စရပ်တွေကို အဓိကလုပ်ဆောင်ရမှာပေါ့၊ လွှတ်တော်တွင်း ဆွေးနွေးတင်ပြ ဖို့ ၊အစိုးရ နဲ့ ပြင်တွင်းပြင်ပ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံ ပြီး ပူးပေါင်း လုပ်ဆောင်ရ မှာဖြစ်တယ်၊ ”ဟု ၄င်းကပြောသည်။

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ အဖြစ် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် နမ့်ဆန်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်း ၊ တပ်မတော် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အပါအဝင် အဖွဲ့ဝင် ၁၅ဦး ဖြင့် ဖွဲ့စည်းခဲ့သည်။

Leave a Reply