မော်လမြိုင်၊ မတ်လ ၄ ။ ။မွန်ပြည်နယ်အတွင်း ပထမဆုံးစတင်ဖွင့်လှစ်မည့် အဆင့်မြင့်စျေးဝယ်စင်တာဖြစ်သော Ocean Super Center ဖွင့်ပွဲတွင် တေးသံရှင် R ဇာနည်နှင့် ယူရီတို့က လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း City Mart Holding ကုမ္ပဏီလီမိတက်၏ Marketing Director ဒေါ်မေဇင်စိုးထက်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

rzarni
မော်လမြိုင်မြို့့ သံလွင်ဥယျာဉ်အနီးတွင်ဖွင့်လှစ်မည့် Ocean Super Center ကို မတ်လ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ညနေတွင် ဖွင့်ပွဲကျင်းပရာ၌ တေးသံရှင် အာဇာနည်နှင့် အိမ်မက်ဆုံရာ တေးသံရှင် ယူရီ တို့က သီချင်းဆိုဖျော်ဖြေမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် အဆိုပါဖွင့်ပွဲ၌ အခြားဖျော်ဖြေရေးအစီအစဉ်နှင့် ပထမဆုံးစျေးစတင်ဝယ်ယူသူအယောက် ၁၀၀ ကို လက်ဆောင်ပေးမည့် အစီအစဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

Ocean Super Center စတင်ဖွင့်လှစ်ချိန်တွင် စားသောက်ကုန်၊အဝတ်အစား၊အိမ်သုံးပစ္စည်း၊လျှပ်စစ်ပစ္စည်းနှင့် အခြားကုန်ပစ္စည်းများရောင်းချမည်ဖြစ်ပြီး ရုပ်ရှင်ရုံမှာမူ နောက်ထပ်သုံးလခန့်အချိန်ယူပြီးမှ ဖွင့်လှစ်မည်ဖြစ် ကြောင်း City Mart Holding ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

စတုရန်းပေ နှစ်သိန်းကျော်ကျယ်ဝန်းသည့် Ocean Super Center တွင် စျေးဝယ်စင်တာအပြင် အခြား ဆိုင်ခန်းပေါင်း ၂၆ ခန်းပါရှိမည််ဖြစ်ကာ ဆိုင်ကယ်အစီးရေ ၃ဝဝ နီးပါးနှင့် ကားအစီးရေ ၁ဝဝ နီးပါး ရပ်နားနိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။

လက်လီအရောင်းဆိုင်လုပ်ငန်းလုပ်ကိုင်သော City Mart Holding ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် Ocean Super Center များကို ရန်ကုန်ုမြို့တွင် သုံးခု ၊ နေပြည်တော်တွင် နှစ်ခု ၊ မန္တလေးတွင် နှစ်ခု နှင့် မုံရွာတွင် တစ်ခု ဖွင့်လှစ်ထားကာ ယခုလအတွင်း မော်လမြိုင်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

photo – Rဇာနည် facebook

Leave a Reply