(ဓါတ်ပုံ အညွှန်း – မော်လမြိုင် RESCUE အဖွဲ့မှ လူနာတင်ယာဉ်များကို အရေးပေါ်ထားရှိမှုအား မြင်တွေ့ရပုံ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ထာဝယ်စုရပ်ကွက်ရှိ မော်လမြိုင် (RESCUE) လူမှုကယ်ဆယ်ရေးအဖွဲ့က ၂၀၁၅ ခုနှစ်တွင် မော်လမြိုင်မြို့နယ်အတွင်းရှိ လူနာပေါင်း ၃၆၀ ဦးကို ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း မော်လမြိုင် (RESCUE) လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပြောသည်။

မော်လမြိုင် (RESCUE) လူမှုကယ်ဆယ်ရေးအဖွဲ့ကို မြဝတီနာရေးကူညီမှုအဖွဲ့၏ အကူအညီဖြင့် ထူထောင်ခဲ့ပြီး ယာဉ်တိုက်မှု အများဆုံး ဖြစ်ပေါ်လေ့ရှိသော သင်္ကြန်ပွဲတော်အား ဦးတည်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဓိကတော့ ယာဉ်တိုက်မှု၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ သဘာဝဘေးအန္တရာယ် ဖြစ်လာတာကို ကယ်ပေးမယ်၊ ယာဉ်တိုက်ပြီးရင် လူနာကောက်တယ်၊ မှောက်နေတဲ့ကားကို ပြန်တည့်အောင် လုပ်ရတယ်၊ ဆွဲထုတ်ပေးရတယ်၊ မီးလောင်လို့ရှိရင်လည်း မီးသတ်နဲ့ ပေါင်းပြီးတော့ လူနာရှိရင် ဝိုင်းဆွဲထုတ် ကောက်ပေးတယ်၊ ဆေးရုံပို့ပေးတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင် RESCUE အဖွဲ့မှ လူနာတင်ယာဉ်များကို အရေးပေါ်ထားရှိမှုအား မြင်တွေ့ရပုံ)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင် RESCUE အဖွဲ့မှ လူနာတင်ယာဉ်များကို အရေးပေါ်ထားရှိမှုအား မြင်တွေ့ရပုံ)

မသေသင့်သော လူနာများအား တတ်နိုင်သမျှ ရှေးဦးပြုစုနည်းဖြင့် သက်သာစေရန် ပြုစုခြင်းနှင့် ခြေကျိုး လက်ကျိုးများအား သက်တောက် သက်သာဖြစ်ရန် ပြုလုပ်ပေးပြီး ဆေးရုံသို့ ပို့ဆောင်ပေးကြာင်း ၎င်းက ရှင်းပြသည်။

ယင်းအပြင် ရေနစ်သေဆုံးခြင်း၊ ပုတ်ပွသေဆုံးနေခြင်း၊ ကြိုးဆွဲချသေဆုံးခြင်း စသောအလောင်းများအား ကူညီ သယ်ဆောင်ပေးကြောင်းနှင့် မှုခင်းနှင့် သက်ဆိုင်သည့် ကယ်ဆယ်ရေးများကိုလည်း ရဲတပ်ဖွဲ့မှ အကူအညီတောင်းလာလျှင် ကူညီမှုများ လုပ်ဆောင်ပေးကြောင်း ၎င်းက ဆိုသည်။

မော်လမြိုင် (RESCUE) လူမှုကယ်ဆယ်ရေးအဖွဲ့သည် ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကယ်ဆယ်ရေး ယာဉ်တစ်စီးဖြင့် စတင်ခဲ့ပြီး ယခုအချိန်တွင် အရေးပေါ်ကယ်ဆယ်ရေး ယာဉ်သုံးစီး၊ အဆင့်မီလူနာတင်ယာဉ် ယာဉ်တစ်စီးနှင့် အထောက်အကူပြုယာဉ် တစ်စီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

Leave a Reply