ယခင်အစိုးရက မဲဆန္ဒရှင်စာရင်းများကို ကြေညာရာတွင် တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စုအဆင့်သာ မဲစာရင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာတစ်ခုချင်းစီအလိုက် ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

ရန်ကုန် ၊ ဇန်နဝါရီလ ၂၀

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စတင်၍ ကျေးရွာတိုင်းရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံမှသိရသည်။

ယခင်အစိုးရက မဲဆန္ဒရှင်စာရင်းများကို ကြေညာရာတွင် တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စုအဆင့်သာ မဲစာရင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာတစ်ခုချင်းစီအလိုက် ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

“မဲစာရင်းမှန်ကန်ဖို့ အကောင်းဆုံးနည်းကတော့ တစ်အိမ်တစ်ယောက်လာကြည့်ဖို့လိုတယ်။ မဲစာရင်းကပ်ထားတဲ့နေရာမှာလည်း ကျွန်တော်တို့ ပုံစံ ၃ ၄ တွေကို အားလုံးပြည့်စုံအောင်လုပ်ထားပါမယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးဦးတင်ထွန်းကပြောသည်။

မဲဆန္ဒရှင်စာရင်းများမှားယွင်းမှုများကို ပြင်ဆင်ရန်အတွက် သက်ဆိုင်ရာ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ပုံစံ(၃)၊ ပုံစံ(၄) တို့ကို ထားရှိပေးသွားမည်ဖြစ်ပြီး ကျေးရွာတွင် ကြေညာထားသော မဲစာရင်းမှားယွင်းပါက ပုံစံ(၃) ၊ ပုံစံ(၄)တို့ကို ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် လာရောက်ထုတ်ယူ၍ ပြင်ဆင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှသိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းမှားယွင်းပါက မဲဆန္ဒရှင်စာရင်းကြေညာပြီး ၁၄ ရက်အတွင်း လာရောက်ပြင်ဆင်နိုင်ကြောင်းသိရသည်။

Leave a Reply