ကရင်ပြည်နယ် မဲသဝေါဒေသအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံရေးအတွက် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သော (DKBA)မှ ခွဲထွက်အဖွဲ့ ထောင်ထားခဲ့သော လက်လုပ်မိုင်းများကို ရှင်းလင်းသွား မည်ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့(BGF) ဗိုလ်မှူး နိုင်မောင်ဇော်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

maltawall

“အစ်ကိုတို့က မိုင်းရှင်းရေးအတွက် လုပ်နေတယ်၊ အဓိက ကတော့ ကျေးရွာတွေကို ဦးစားပေးပြီး လုပ်နေတယ်၊ ရွာသားတွေက သူတို့တောင်ယာတွေလည်း မသွားရဲကြဘူးလို့ တင်ပြလာကြတယ်၊ နောက်ပြီး ရွာသူရွာသားတွေ အဓိကသွားနေတဲ့ လမ်းတွေလည်း ရှင်းသွားမယ်” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ မိုင်းရှင်းရေးလုပ်ငန်းများကို အောက်တိုဘာလ ပထမအပတ်မှ စတင်ကာ တပ်မတော်မိုင်းရှင်းလင်းရေး တပ်ဖွဲ့ဖြစ်သည့်(BE)တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် မဲသဝေါဒေသတွင် မိုင်းအန္တရာယ်ရှိနေသောကြောင့် မြိုင်ကြီးငူအထူးဒေသရှိ ကယ်ဆယ်ရေးစခန်း ရောက် စစ်ဘေးရှောင်များကို မိုင်းအန္တရာယ်ပညာပေးခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့တစ်ဖွဲ့ဖြစ်သည့် The Halo Trust တို့က ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်ကြီးရဲထက်ကို ဟင်္သာမီဒီယာမှ ဆက်သွယ် မေးမြန်းရာတွင် “ကျွန်တော်တို့က ကျွန်တော်တို့ဒေသ နယ်မြေစိုးမိုးရေးအတွက် လက်လုပ်မိုင်းတွေ ထောင်ထားတာဖြစ်တယ်၊ ဒါက ကျွန်တော်တို့နယ်မြေလေ”ဟု ၎င်းက ပြောဆိုသည်။

မဲသဝေါဒေသတွင် တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ပူးပေါင်းအဖွဲ့နှင့် DKBA ခွဲထွက် အဖွဲ့တို့ သည် စက်တင်ဘာ ဒုတိယပတ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လက်ရှိတွင် မြိုင်ကြီးငူ အထူးဒေ သရှိ ကယ်ဆယ်ရေးစခန်းများ၌ စစ်ဘေးရှောင် ၅၆၀ဝကျော် ရောက်ရှိနေကြောင်း မြိုင်ကြီးငူဒေသခံများမှ သိရသည်။

Leave a Reply