Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်းရှိ မျက်စိအတွင်းတိမ်လူနာများကို မော်လမြိုင်ဆေးရုံကြီးတွင် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ SCG လူထုဗဟိုပြု အစီစဉ်ဖြင့် အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း မော်လမြိုင်ဆေးရုံမှဆေးရုံုံအုပ်ကြီး  ဒေါက်တာကျော်မြင့်ထံမှသိရသည်။

မြို့နယ်ဆေးရုံများမှ စာရင်းပေးသွင်းထားသော မျက်စိအတွင်းတိမ်လူနာများကိုအောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ မျက်စိဆရာဝန်ကြီးများမှစမ်းသပ်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Advertisements
data-language="en"

“ထိုင်းနိုင်ငံက ဆရာဝန်တွေနဲ့လည်းအခုလိုပူးပေါင်းလုပ်ဆောင်းပေးရတော့ကောင်းတာပေါ့။ကောင်းတယ်ဆိုတာက ဒီမှာဆိုရင် မျက်စိခွဲစိတ်ဆရာဝန်ကြီးနှစ်ယောက်ရှိတယ်သူတို့ကလည်း အခမဲ့ ခွဲစိတ်ကုသပေးတယ်၊ နောက်ပြီးတော့SCG က   ဦးဆောင်ပြီးတော့ထိုင်းနိုင်ငံက မျက်စိဆရာဝန်တွေနဲ့ အစုလိုက် ခွဲစိတ်မှုမျိုးတစ်ခါခွဲစိတ်ရင်တော့ဆရာဝန်သုံးယောက်ခွဲတယ်”ဟုမော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ရှင်းပြသည်။

မျက်စိအခမဲ့ခွဲစိတ်ကုသပေးမှုမှာ ၅ ကြိမ်မြောက်ဖြစ်ပြီး မျက်စိအတွင်းတိမ်လူနာ ၂၅၀ခန့်ခွဲစိတ်ပေးမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ ထိုင်းနိုင်ငံမှ မျက်စိခွဲစိတ်ဆရာဝန်များနှင့် မွန်ပြည်နယ် မျက်စိအထူးကု ဆရာဝန်ကြီးများမှ ပူပေါင်းခွဲစိတ်ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် မျက်စိအတွင်းတိမ်လူနာခွဲစိတ်မှုတွင်မွန်ပြည်နယ်မှ ၂၄၆ ဦး ခွဲစိတ်ပေးခဲ့ပြီး ကရင်ပြည်နယ်မှ မျက်စိ အတွင်းတိမ်လူနာ ၉၇ ဦးကိုလည်းခွဲစိတ်ကုသပေးခဲ့ကြောင်းသိရသည်။

စိုင်းထွန်းစံ

Leave a Reply