မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့်ဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

 

ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား၂၀၁၆ -၂၀၁၇ခုဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်
ခဲ့သည်။

စီမံကိန်းအရင်း မပျောက် လည်ပတ်ရန်ပုံငွေမှ ထုတ်ချေးငွေဖြင့် စိုက်ပျိုးရေးမွေးမြူရေးအရောင်းအဝယ် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေမိသားစုများ အလုပ်အကိုင်အခွင့်အလန်းများပိုမိုများပြားပြီး မိသားစုဝင်ငွေတိုးပွားလျက်ရှိ သည်။

ယင်းသို့ဆောင်ရွက်နေမှုများအား သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးမိုးဝင်၊ပေါင်မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်နှင့်အဖွဲ့မှ စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများအား(၂၆.၁၁.၂၀၁၉)ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များ အသင်းသူ/အသင်းသားများနှင့် တွေ့ဆုံ၍ ငွေစာရင်းပုံစံများ အစည်းအဝေးမှတ်တမ်းများရေးသွင်းထားရှိမှု၊ စီမံကိန်းလက်စွဲစာစောင်ပါအချက်များ အတိုင်း ဆောင်ရွက်
ထားရှိမှု အခြေအနေများအား ကြည့်ရှုခဲ့ပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေးရွာ
(၉)ယူနစ်နှင့်အကျိုးပြုကျေးရွာ
(၁၂)ရွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တက်၍ အလုပ်အကိုင် အခွင့်အလန်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလျက်ရှိပါသည်။

Leave a Reply