Advertisements

တောင်ကြီး၊ အောက်တိုဘာ ၁၂ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်ဖမ်းဆီးရမိထားသည့် မန္တလေးမြို့မှ ခိုးရာပါဆိုင်ကယ်(၁၇)စီးကို ပိုင်ရှင်များ ထံ ပြန်လည်ပေးအပ်ရန်ပြင်ဆင်နေကြောင်း မန္တလေးမြို့၊ အမှတ်(၉)မြို့မ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါဆိုင်ကယ်များကို မန္တလေးတက္ကသိုလ်ဝန်းအတွင်းမှ ခိုးယူ၍ မြစ်ကြီးနားမြို့တွင်ရောင်းချထားခြင်းကို ရဲတပ်ဖွဲ့ဝင်များက စုံစမ်းတွေ့ရှိခဲ့ရာမှ သြဂုတ် ၈ ရက်မှ အောက်တိုဘာ ၁၁ ရက်အတွင်း ပြန်လည်ယူ ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိထိတော့ (၇)စီးပိုင်ရှင်ပေါ်ပြီ။ အခြားဆိုင်ကယ်ပိုင်ရှင်တွေကိုလည်း တွေ့တာနဲ့ပြန်ပေးလို့တော့ မရ ဘူး။ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူပြီးမှပြန်ပေးမှာ။”ဟု အမှတ်(၉)မြို့မ ရဲစခန်းမှ စခန်းမှူး မောင်မောင်ဌေးက ပြောသည်။
မှုခင်းများလျော့နည်းလာစေရန် ပြည်သူများအနေဖြင့် ဒေသရဲတပ်ဖွဲ့နှင့်ပူးပေါင်းပါက ဆိုင်ကယ်ခိုးမှုများလည်း လျော့နည်းလာမည်ဖြစ်ကြောင်း စခန်းမှူး မောင်မောင်ဌေးက ပြောသည်။

“ကျေးဇူးတင်ပါတယ်။ အခုလိုရဲတပ်ဖွဲ့က ပြန်လည်ပေးအပ်တဲ့အပေါ်မှာ။ ကျွန်တော်တို့က ပျောက်သွားပြီဆိုက တည်းက ပြန်မရတော့ဘူးလို့ ဆုံးဖြတ်ထားတာ။ အခုလို ပြန်ရှာတွေ့ပြီးပြန်ပေးတော့ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါ တယ်။”ဟု မန္တလေးမှ ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါဆိုင်ကယ်(၁၇)စီးအမှုသည် ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ် အလုံးအရင်းနှင့် ဖမ်းဆီးရမိခြင်းဖြစ်ပြီး တစ်စီးလျှင် ကျပ်(၁၀)သိန်းအထက်တန်ဖိုးရှိကြောင်း မန္တလေးမြို့၊ အမှတ်(၉)ရဲစခန်းမှ သိရသည်။

Written by – MMK

Advertisements
<

Leave a Reply