မြန်မာနိုင်ငံတွင် အရေးပါသောမြစ်များဖြစ်သည့် သံလွင်မြစ်ရေနှင့် ဧရာဝတီမြစ်ရေများ ညစ်ညမ်းမှုများရှိလာခြင်းသည် မြစ်နဘေးတွင် နေထိုင်သော ပြည်သူများနှင့် မြစ်ကိုအမှီပြု လုပ်ကိုင်နေသူများအတွက် ဆိုးကျိုးများကို ခံစားရနိုင်ကြောင်း ဇူလိုင်လ ၂၁ရက်နေ့တွင် ကျင်းပသော ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပြည်သူအစုအဖွဲ့ဖွံ့ဖြိုးရေးအသင်း ဟောပြောပွဲထံမှ သိရသည်။

logo-copy

မြစ်ရေများညစ်ညမ်းလာမှုကြောင့် မြစ်ကိုအခြေပြုနေထိုင်သော ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုပါ ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပြည်သူအစုအဖွဲ့ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်တင့်က ဆိုသည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှုများကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်းများ ကျရောက်ခြင်းအပြင် ဒီရေတောများလည်း ဆုံးရှုံးမှုရှိကြောင်း ၎င်းက ပြောဆိုသည်။

မြစ်ရေညစ်ညမ်းမှု ဆိုးကျိုးများကို တားဆီးနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုထဲ ဆောင်ရွက်ရန် အခက်အခဲများစွာရှိသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်များ ရေးဆွဲရာ၌ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

သံလွင်မြစ်နှင့် ဧရာဝတီမြစ်သည် မြစ်နဘေးနေ ပြည်သူများ၏ အနာဂတ်မျှော်မှန်းချက်ဖြစ်သည်ဟု ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြည်သူအစုအဖွဲ့ဖွံ့ဖြိုးရေးအသင်း ဟောပြောပွဲတွင် ဆွေးနွေးခဲ့ကြသည်။

Leave a Reply