မွန်ပြည်နယ် စစ်တောင်းကျေးရွာ အဝင် နေရာနှင့် ကျိုက္ခမီ-စက်စဲ လမ်းဆုံ နေရာများ တွင် ဟင်္သာအဝိုင်း များ တည်ဆောက်ပေးရန် မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များက မွန်ပြည်နယ် လွှတ်တော် ကော်မတီထံတောင်းဆိုထားကြောင်း မွန်ပြည်နယ် လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမင်းစိုးလင်းက ဟင်္သာမီဒီယာသို့ပြောကြားသည်။

state-hinthar

စက်တင်ဘာလ ၂၀ရက်နေ့က မွန်စာပေယဉ်ကျေးမှု ကော်မတီဝင်များနှင့် မွန်ပြည်နယ် လွှတ်တော် တိုင်းရင်း သားရေးရာ ကော်မတီတို့ တွေ့ဆုံပွဲတွင် တောင်းဆိုထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“တိုင်းရင်းသားတွေဟာ သူတို့တန်ဖိုးထားတဲ့ဟာကို တန်ဖိုးထားခွင့်ရရင် အဲ့ဒီတိုင်းပြည်အတွက်အေးချမ်းခြင်း၊ သာယာခြင်း၊ စည်းလုံးခြင်းရဲ့ နိမိတ်ပါပဲ၊အဲ့ဒါကြောင့်လည်း သူတို့အားလုံးက ဟင်္သာအဝိုင်းတွေ ဆောက်ပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဟင်္သာရုပ်တုအဝိုင်းတည်ဆောက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါအဝိုင်းတည်ဆောက်မည့် ကုန်ကျစရိတ်များကို မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များက ပေးမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ် အစိုးရသစ် တက်လာပြီးနောက်တွင် သံလွင်တံတားထိပ် မော်လမြိုင်မြို့အဝင်နေရာတွင်
ဆွမ်းအုပ်ရုပ်တု အဝိုင်းအစား ဟင်္သာရုပ်တုအသစ်ကို ကျပ်ငွေ ၁၅သိန်း အကုန်ကျခံကာ ဇူလိုင်လ ၇ရက်နေ့က စတင်တည်ဆောက်ခဲ့သည်။

ဟင်္သာရုပ်ထု အဝိုင်း ဖွင့်ပွဲအခန်းအနားကို သြဂုတ်လ ၁၄ရက်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့သည်။

Leave a Reply