Advertisements

နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်ဖွင့်လှစ်ရန် လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောဆိုလိုက်သည်။

ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ(၂၆)ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦး မေးမြန်းရာတွင် ဒုတိယ ဝန်ကြီးက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“ရဲအရာရှိ လေ့ကျင့်ရေးကျောင်းတွင် ဒုတိယရဲအုပ်လောင်းပြီးပါက တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့များတွင် လက်တွေ့ ရဲလုပ်ငန်းတစ်နှစ် ဆက်လက်သင်ကြားပေးခြင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများတွင် (၁)နှစ်တာဝန်ထမ်း ဆောင်စေခြင်းများ ပြုလုပ်ပြီးနောက် တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲများတွင်တာ ဝန်ထမ်းဆောင် စေလျက်ရှိပါတယ်။ နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်တစ်ခု လတ်တလောဖွင့်လှစ်ရန်လုပ် ဆောင်နိုင်ခြင်းမရှိပါ။”ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် ဥပဒေဘာသာရပ်၊ ရဲလုပ်ငန်းဘာသာရပ်၊ စစ်ပညာဘာသာရပ်၊ လူစုလူဝေး ထိန်းသိမ်းရေး ဘာသာရပ်၊ အုပ်ချုပ်မှုနှင့် ရုံးလုပ်ငန်းဘာသာရပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဦး/ရေး/ထောက်ဆိုင် ရာလုပ်ငန်းများ၊ တပ်ဖွဲ့တွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မှုခင်းဆိုင်ရာဆေးပညာ၊ ဓာတုဗေဒစစ်ဆေး ရေးဌာနတို့နှင့် စပ်လျဉ်းသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

“ဒီလိုတရားဥပဒေကို အကောင်ထည်ဖော်ဆောာင်ရွက်တဲ့အခါမှာ အဆင့်ဆင့်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ့်အပြင် တရားဥပဒေဆိုင်ရာလည်း အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့မြန်မာ နိုင်ငံမှာရှိတဲ့ ရဲ့တပ်ဖွဲ့ဝင်တွေကို အထူးလေ့ကျင့်သင်ကြားပေးရန်အတွက် ရဲသင်တန်းကျောင်းသာမက နိုင်ငံ တကာအဆင့်မီ ရဲကတက္ကသိုလ်တစ်ခုလိုအပ်ပါတယ်။ မြန်မာနိုင်ငံတော်တွင် အဆင့်မြင့်ရဲ အတတ်ပညာကို သင်ကြားပေးနိုင်သော နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်ဖွင့်လှစ်ပေးရန် အစီစဉ်ရှိမရှိမေးမြန်း အပ်ပါတယ်။”ဟု တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။

နိုင်ငံသူနိုင်ငံသားများ၏ တည်ဆဲဥပဒေပါ ရပိုင်ခွင့်များကို လေးစားလိုက်နာကာကွယ်စောင့်ရှောက်ပေးနိုင်သည့် သော အဆင့်ဆင့်သောရဲအရာရှိများမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် မေးမြန်းရခြင်းဖြစ်ကြောင်း တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ဆက်ပြောသည်။

မြန်မာနိုင်ငံ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှ ပြည်ပသင်တန်းများသို့ ၂၀၁၆ ခုနှစ်တွင် ၄၈၄ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၃၇၆ ဦး စေလွှတ်တက်ရောက်စေခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply