Advertisements

နေပြည်တော်၊ နိုဝင်ဘာ ၁၂ ရက်။

မြန်မာနိုင်ငံတွင် မျက်စိဆရာဝန်ဦးရေ(၃၅၀)ခန့်ရှိပြီး လူဦးရေ(၁)သိန်းခွဲလျှင် မျက်စိဆရာဝန်တစ်ဦးနှုန်းဖြင့် စောင့်ရှောက်မှုပေးနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းကပြောဆိုလိုက်သည်။

နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနရုံး၌ နိုဝင်ဘာ ၁၂ ရက်က ကျင်းပပြုလုပ်သည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့ မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ မြန်မာနိုင်ငံတွင် မျက်စိဆရာဝန်ဦးရေ (၃၅၀)ခန့်ရှိနေဖြစ်တဲ့အတွက် လူဦးရေ(၁)သိန်းခွဲမှာ မျက်စိ ဆရာဝန်(၁)ဦးနှုန်းနဲ့ စောင့်ရှောက်မှုပေးနေပါတယ်။ WHO ၏ရည်မှန်းချက်ဖြစ်တဲ့ အတွင်းတိမ်ခွဲစိတ်မှုနှုန်းမှာ လူဦးရေ(၁)သန်းကို (၃)ထောင်လောက်သတ်မှတ်ထားတယ်။ အတွင်းတိမ်ခွဲစိတ်မှုနှုန်းဟာ ၂၀၁၅-၂၀၁၆ ခုနှစ် မှာ (၂၂၀၈)အထိ တိုးတက်လာပြီးဖြစ်တယ်။”ဟု ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

အဓိကအားဖြင့် မျက်စိမမြင်ခြင်းဖြစ်စေနိုင်သောရောဂါများမှာ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန်လိုအပ်ခြင်းနှင့် မတော်တဆထိခိုက်မှုဒဏ်တို့ကြောင့်ဖြစ်ပြီး တိမ်ရောဂါမှာ မျက်မမြင်အားလုံး၏(၆၀)ရာခိုင်နှုန်းခန့်ဖြစ်နေ ကြောင်း သိရသည်။

“မျက်စိအတွင်းတိမ်ရောဂါကို ထိထိရောက်ရောက်ကာကွယ်ကုသပေးနိုင်ရင် မျင်မမြင်လျှော့နည်းရေးကို ဦး တည်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့လမ်းညွှန်ချက်အတိုင်း အမျိုးသားအမြင်သန်စွမ်းရေး(NATIONAL VISION 2020)မျှော်မှန်းချက်အစီစဉ်ကို ၂၀၀၀ ခုနှစ် အောက် တိုဘာ ၁၀ ရက်နေ့မှာ စတင်ချမှတ်ခဲ့ပါတယ်။”ဟု ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

အဆိုပါအစီအစဉ်တွင် အဓိကရည်မှန်းချက်ဖြစ်သည့် ၂၀၁၉ ခုနှစ်တွင် ကာကွယ်ကုသ၍ရသော မျက်စိရောဂါ များ၏(၂၅)ရာခိုင်နှုန်းကိုလျှော့ချနိုင်ရန် ဆောင်ရွက်လျှက်ရှိပြီး မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်း ကို အဓိကအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင်အမြင်အာရုံချို့တဲ့သူ(၂၄၆)သန်းခန့်နှင့် မျက်စိကွယ် သူ(၃၉)သန်းခန့်ရှိပြီး ၎င်းတို့၏(၆၃)ရာခိုင်နှုန်းမှာ အသက်(၅၀)နှင့်အထက်ဖြစ်ပွားသည့်အပြင် အမြင်အာရုံချို့ တဲ့သူများ၏ (၉၀)ရာခိုင်နှုန်းမှာ ဖွံဖြိုးဆဲနိုင်ငံများမှဖြစ်ကာ (၈၀)ရာခိုင်နှုန်းမှာ ကာကွယ်ကုသ၍ ရရှိနိုင်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply