ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက်။

မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခကြေးငွေ တစ်ရက်လျှင်(၆၆၀၀)ကျပ် သတ်မှတ်ပြဌာန်းနိုင်ရန် ဒီဇင်ဘာလအ တွင်းကျင်းပမည့် အနည်းဆုံးအခကြေးငွေဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး၌ အဆိုပြုလွှာ တင်ပြဆွေး နွေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သိရှိရသည်။

ရန်ကုန်မြို့ရှိ Orchild Hotel ၌ အောက်တိုဘာ ၁၇ ရက်ကကျင်းပသည့် အနည်ဆုံးအခကြေးငွေဆိုင်ရာ CTUM သဘောထားထုတ်ပြန်ချက် သတင်းစာရှင်းလင်းပွဲတွင် ကော်မတီမှတာဝန်ရှိသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံး လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တပြေးညီသတ်မှတ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အနည်း ဆုံး အခကြေးငွေအဆိုပြုလွှာ သတ်မှတ်ရေးနဲ့ပတ်သက်ပြီး ဒီဇင်ဘာမှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၊ သုံး ပွင့်ဆိုင်ဆွေးနွေးမှုတစ်ခု ပြုလုပ်ပေးပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကတင်ပြလာတဲ့ အနည်းဆုံးအခကြေး ငွေ(၄၄၀၀)ကနေ (၆၄၀၀)အပေါ်ဆွေးနွေးပြီးတော့ တိကျတဲ့နှုန်းထားအဆိုပြုနိုင်ဖို့ ဒီဇင်ဘာလမှာကျင်းပမယ့် အမျိုးသားကော်မတီကနေ အတည်ပြုမှာဖြစ်ပါတယ်။”ဟု အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီ မှ အလုပ်သမားကိုယ်စားလှယ် ဦးဝင်းဇော်က ပြောသည်။

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူရာတွင် စက်မှုကုန်ထုတ်ကဏ္ဍရှိ အလုပ်သမားကို အဓိကကောက်ယူခြင်းဖြစ်ကာ ဆောက်လုပ်ရေးကဏ္ဍ၊ သစ်လုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးထွက် ကုန်ထုတ်လုပ်ငန်းကဏ္ဍစသည်တို့ရှိ အလုပ်သမားများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ အသိ ပညာဗဟုသုတပိုင်းဆိုင်ရာ ကုန်ကျစရိတ်တို့အပေါ်အခြေခံ၍ ကောက်ယူခြင်းဖြစ်ပြီး လက်ရှိတွင် အချို့လုပ်ငန်း များ၌ အနည်းဆုံးအခကြေးငွေကျပ်(၃၆၀၀)မရရှိသည့် အလုပ်သမားများလည်းရှိနေကြောင်း သိရသည်။

“ဒီနှုန်းထားက ဒီဇင်ဘာမှာ အဆိုပြုနှုန်းထားထွက်မှာပေါ့။ အဲဒီအဆိုပြုနှုန်းထားမှာ ကျွန်မတို့က (၆၆၀၀)ကျပ်ရဖို့ အတွက် အဖွဲ့ချုပ်ကိုယ်စားလှယ်အနေနဲ့ အမျိုးသားအဆင့်မှာပါတဲ့သူတွေ တိုင်းနဲ့ ပြည်နယ်မှာပါတဲ့သူတွေက နေ တိုက်တိုက်တွန်းတွန်းဆွေးနွေးသွားရမယ့်ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ကျွန်မတို့ ဒီဇင်ဘာမှာ အဆိုပြုနှုန်းထား ထွက်ပြီးတော့ ဖေဖော်ဝါရီမှာ အတည်ဖြစ်သွားပြီဆိုရင် ဒီနှုန်းထားကို အလုပ်သမားတွေကရရှိခံစားနိုင်မယ်။ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာတော့ အကြိတ်အနယ်ဆွေးနွေးရမှာဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင်ကပြောသည်။

အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်တွင်ပြဌာန်းခဲ့ပြီး ပြည်တွင်းအလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေနှုန်းထားကို ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နာ ရီလျှင်(၄၅၀)ကျပ်နှုန်းဖြင့် တစ်နေ့လျှင် အလုပ်ချိန်(၈)နာရီအတွက် (၃၆၀၀)ကျပ်ကို သတ်မှတ်ခဲ့ကြောင်း သိရသည်။

Written by – MMK

Leave a Reply