ရန်ကုန်၊ အောက်တိုဘာ ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် စုံစမ်းထောက်လှမ်းမှုစွမ်းရည် မြင့်မားလာစေရေးအတွက် အမေရိကန် ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က သင်တန်းပေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

police-fbi

FBI သည် အမေရိကန် နိုင်ငံရှိအမြင့်ဆုံးသောမှုခင်းဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်ပြီး နိုင်ငံဖြတ် ကျော် မှုခင်းများကိုအဓိကကိုင်တွယ် ဖြေရှင်းလျက်ရှိသည်။

အဆိုပါ FBI နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်းပြီးရဲတပ်ဖွဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကအောက်တိုဘာလ ၂၇ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ပထမဆုံးအကြိမ်ပြုလုပ်မည်ဖြစ်ကာအချိန် နှစ်လကျော်ကြာ မြင့်မည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသောအရေးယူပိတ်ဆို့မှုများကိုဖယ်ရှားအပြီးရက်သတ္တပတ် အနည်းငယ် အကြာတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ဝန်ထမ်းများကို အမေရိကန်အစိုးရကကူညီထောက်ပံ့မှုများစတင်ပြုလုပ်လာခြင်းလည်းဖြစ်သည်။

အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင်လည်းမြန်မာနိုင်ငံတွင် မှုခင်းများဖော်ထုတ်တိုက်ဖျက်ရာတွင် စွမ်းရည်များမြှင့်တင်ပေးရေးအတွက် လေ့ကျင့်သင်တန်းများနှင့် နည်းပညာအထောက်အပံ့များပေးအပ်ခြင်းတို့မှတစ်ဆင့် အကူအညီပေးသွားရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားကြောင်းဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ဇော်ဝင်းအောင်ကမူ “ ကျွန်တော်တို့ ဌာနတွင်းချိတ်ဆက်မေးမြန်းထားသလောက်ကတော့ လက်ရှိအချိန်အထိတော့ အဲဒီအစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်” ဟုဆိုသည်။

မြန်မာနိုင်ငံအတွင်းမှုခင်းဖြစ်ပွားမှုများတွင် အဓိကကိုင်တွယ်ဖြေရှင်းရသောရဲတပ်ဖွဲ့ကိုစွမ်းရည်မြှင့်တင်မှုများ ပြုလုပ်ရန် လိုအပ်နေပြီးရဲတပ်ဖွဲ့အင်အားကိုလည်းတိုးချဲ့ ဖွဲ့စည်းရန် အစိုးရ က ပြင်ဆင်လျက်ရှိသည်။

ယင်းကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကို တစ်ဦးချင်းစွမ်းရည်မြှင့်ခြင်းအပြင် တိုးတက်လာသောခေတ်အခြေအနေအရနည်းပညာအထောက်အကူများလည်းလိုအပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အဆင့်မြင့် အရာရှိတစ်ဦးကဟင်္သာမီဒီယာသို့ ပြောဆိုသည်။

Leave a Reply