မြန်မာ့ပင်လယ်ပြင်တွင် လိပ်မျိုးစိတ် ၅ခုအနက် ၁ မျိုး ပျောက်ကွယ်လု ဖြစ်နေ

ထားဝယ်၊ ဇူလိုင်

မြန်မာ့ပင်လယ်ပြင်တွင် လိပ်မျိုးစိတ်(၅)မျိုးရှိသည့်အနက် လိပ်စောင်းလျား ၁မျိုးမှာ မျိုးသုန်းပျောက်သွယ်လု လိပ်မျိုးစိတ်ဖြစ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

“လိပ်စောင်းလျားကသတင်းအချက်အလက်ပျောက်နေတဲ့ အထဲမှာပါတယ်”ဟု ယင်းဌာနမှ ဦးစီးအရာရှိ ဦးစိုးသန့်ကဆိုသည်။

ပြင်သာလိပ်၊ လိပ်ကြက်တူရွေး၊ လိပ်လှောင်းတို့ကို ပင်လယ်ပြင်တွင် တွေ့ရလေ့ရှိကြောင်း၊ လိပ်စောင်းလျားအလားတူ သတင်း အချက်အလက်မရရှိဘဲ မျိုးသုန်းပျောက်ကွယ်သလောက် ဖြစ်နေသော လိပ်ခွေးမျိုးစိတ်ကို ၂၀၁၄ခုနှစ်က တွေ့ရှိခဲ့သေးကြောင်း ၎င်းကဆိုသည်။

လိပ်စောင်းလျား၏ရှေ့ရေယက်သည်အလွန်ရှည်လျားသန်မာ၍ရေထဲ့၌ကူးခတ်သွားလာရာတွင်အလွန်လျင်မြန်သည်ဟု လက်ကမ်းစာစောင်၌ ဖော်ပြထားသည်။

ကမ္ဘာတစ်ဝှမ်းတွင် ပင်လယ်လိပ်မျိုးစိပ် ၇မျိုးပျံ့နှံ့နေထိုင် ကျက်စားလျက်ရှိကြောင်း၊ အရှေ့တောင်အာရှဒေသတွင် လိပ်မျိုးစပ် ၆မျိုးတွေ့ရှိရပြီး မြန်မာနိုင်ငံတွင်၅မျိုးတွေရှိရကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မျိုးသုန်းရှားပါးရေသတ္တဝါများထိန်းသိမ်းရေးဌာနစုမှ ထုတ် ဝေသော လက်ကမ်းစာစောင်၌ ဖော် ပြထားသည်။

ထား ဝယ်ခရိုင်၊ လောင်းလုံးဘုတ်ကျွန်းတွင် ၂၀၀၅ခုနှစ်မှစ၍ ပင်လယ်လိပ်မျိုးထိန်းသိန်းရေးစခန်းကိုဖွင့်ပြီး လိပ်တက် ရောက်သော သဲသောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင် လယ်လိပ်သားဖောက်၍ပြန်လွှတ်ပေးခြင်းတို့ကိုငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်လျက်ရှိသည်။

ယင်ဌာန၏မှတ်တမ်းများအရ ၂၀၀၅-၂၀၁၆ ဘဏ္ဍာရေး နှစ်မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အထိ ပြင်သာလိပ်ဥ ကျင်း ၁၀၀၊ ဥလုံးရေ ၈၈၃၅လုံး၊ ပြင်သာလိပ် ၃၉၃၉ ကောင်ကိုသားဖောက်ပြီး ပြန်လွှတ်ပေးနိုင်ခဲ့သည်ဟု ဆို သည်။

လောင်းလုံးမြို့နယ်အတွင်းပင်လယ်လိပ်များရွှေပြောင်း သွားလာရာလမ်းကြောင်း၊ စားကျက်ဒေသများ၊ တက်ရောက် ဥကျင်း ဖွဲ့ရာဒေသ၊ ကြီး ထွားနှုန်း၊သေဆုံးနှုန်းများနှင့် မျိုးပွားမှုဆိုင်ရာဇီဝဗေဒ စသည့်အချက်အလက်များ အားသိရှိနိုင်ရန်ရည်ရွယ်၍နိုင်ငံကိုယ်စားပြုသင်္ကေတစာလုံး၊ နံပါတ်စဉ်နှင့် ဆက်သွယ်ရမည့် လိပ်စာများပါ သော သတ္တုပြားကိုလိပ်တွင်ရိုက်နှိပ်၍ပြန်လွှတ်ပေးလျက်ရှိသည်ဟု သိရသည်။

လက်ရှိအချိန်အထိပြင်သာလိပ်၂၁ကောင်၊လိပ်ကြက်တူရွေး၂၃ကောင်၊လိပ်လှောင်း၁၀ကောင်စုစုပေါင်း၅၄ကောင်အားယင်းသတ္တုပြားရိုက်နှိပ်ပြီးပင်လယ်ထဲသို့ပြန်လွှတ်ပေးထားသည်ဟု ယင်းဌာနမှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံမှာ ပင်လယ်လိပ်မျိုးထိန်းသိမ်း ခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်အတွက် အရှေ့တောင်အာ ရှဒေသ ပင်လယ်လိပ်မျိုးထိန်းသိမ်းခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်းနားလည်မှု စာခွန်လွှာကို ၁၉၉၇ခုနှစ်က လက်မှတ်ရေး ထိုးခဲ့ပြီး ၁၉၉၉ခုနှစ်တွင်အရှေ့တောင်အာရှဒေသငါးလုပ် ငန်းဖွံ့ဖြိူးတိုးတက်ရေးဗဟိုအဖွဲ့(SEAFDEC)၏အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့သည်။ ယခုအခါSEAFDECအဖွဲ့၏ဌာနခွဲဖြစ်သောငါးလုပ်ငန်းသယံဇာတဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံခန့်ခွဲဌာန(MFRDMD) နှင့်ပူးပေါင်း၍ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

Written by တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.