မွန်ပြည်နယ် ဆယ်မြို့နယ် မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲကို စက်တင်ဘာလ ၁၇ရက်နေ့မှစ၍ ကျင်းပြုလုပ် သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးခင်ဇော်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

chin-lone

“နိုင်ငံအဆင့်မှာ အောင်မြင်နေတဲ့အားကစားတစ်ခုဖြစ်တဲ့အတွက် မွန်ပြည်နယ်အနေနဲ့ မြန်မာ့ရိုးရာအားကစား ကို လူတွေပိုပြီးစိတ်ဝင်စား လာအောင် ပြိုင်ပွဲလုပ်ပေးတာ ”ဟု ဦးခင်ဇော်က ဆိုသည်။

ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဝင်လိုသည့် အားကစားသမားများအနေဖြင့် စက်တင်ဘာလ ၁၆ရက်နေ့ နောက်ဆုံး ထား၍ ပြည်နယ် အားကစားခန်းမတွင် လာရောက်စာရင်းပေးသွင်းပြီး ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာ့ရိုးရာခြင်းလုံးအားကစားကို ယခင်နှစ်များတွင် ထဲထဲဝင်ဝင်ကစားကြခြင်း မရှိဘဲ ကျန်းမာရေးအတွက်သာ မြို့နယ်တိုင်းတွင် ကစားလေ့ရှိသောကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် ယခုလိုပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ဦးခင်ဇော်က ပြောသည်။

မြန်မာ့ရိုးရာ ခြင်းလုံးအားကစားပြိုင်ပွဲ ကို စက်တင်ဘာလ ၁၇ရက်နေ့မှစတင်၍ စက်တင်ဘာလ ၁၈ရက်နေ့ အထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

Leave a Reply