မြဝတီ၊ မေ ။        ။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာ့ရွှေ့ပြောင်း လုပ်သားများ ခရီးသွားလာနေစဉ် ထိုင်းလဝက (ရဲ) မှ Work Permit အကြောင်းပြ၍ ဖမ်းဆီးအရေးယူနေရမှုများရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ သိရသည်။

“အာဆီယံ ဆယ်နိုင်ငံပဲ ကြည့်ကြည့်၊ ကမ္ဘာနိုင်ငံတွေကိုပဲ ကြည့်ကြည့်၊ ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမဆို အဲ့ဒီနိုင်ငံအတွက် ထုတ်ပေးထားတဲ့ ပတ်စပို့စာအုပ်နှင့် ယာယီ ပတ်စပို့စာအုပ်ကို စစ်ဆေးလိုက်ရင် လုံလောက်ပါတယ်၊ ခရီသွားရင်း Work Permit စစ်ဆေးတာ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ Work Permit ဆိုတာ စစ်ဆေးချင်ရင် စစ်ဆေးလို့ရတယ်”ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုကြိုးက ပြောသည်။

ထိုင်းအစိုးရမှ တရားဝင်ထုတ်ပေးထားသော ပတ်စပို့စာအုပ်နှင့် ယာယီပတ်စပို့စာအုပ် CI ဟု ခေါ်သော မည်သူ မည်ဝါဖြစ်ကြာင်း သက်သေခံစာအုပ်များမှာ ခရီးသွားလာမှုအတွက် ခိုင်လုံသည့် အထောက်အထားများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေအရ ပတ်စပို့ (သို့) ယာယီပတ်စပ်ု့ိရှိရင် ယာယီခရီးသွားတဲ့ရွှေ့ပြောင်း လုပ်သားတွေအတွက် လုံလောက်ပြီး ဖြစ်ပါတယ်၊ သို့သော်လည်း ထိုင်းနိုင်ငံမှာ ကျတော့ Work Permit စစ်တယ်၊ အမျိုးသားလုံခြုံရေးကို အလွန်အမင်း စိုးရိမ်သောကကြီးစွာနဲ့ ဇောင်းပေးနေတာလား၊ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ အခြားသော အခြေအနေထက် နိမ့်ပါးတဲ့ နိုင်ငံတွေက လာကြတာဆိုပြီး တမင်ရည်ရွယ်ချက်ရှိရှိ ချိုးနိမ့်နေတာလာ ဆိုတာ သုံးသပ်စရာ ဖြစ်လာတယ်”ဟု ဦးမိုကြိုးက ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာအလုပ်သမား သံအရာရှိရုံမှ ထိုင်းအစိုးရထံ မေးမြန်းရာတွင် ထိုင်းအလုပ်သမား ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ စစ်ဆေးခိုင်းသည့်အတွက် ထိုင်းလဝကမှ စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Written by – ဆုလာဘ်

Leave a Reply