Advertisements

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံ၏ ကျောက်စိမ်းလိုင်စင်ချထားပေးမှုစနစ်သည့် ကမ္ဘာပေါ်တွင် အညံ့ဖျင်းဆုံး စီမံခန့်ခွဲမှုများတွင် ပါဝင်ကြောင်း Natural Resource Governance Institute ၂၀၁၇ ခုနှစ် သယံဇာတ စီမံအုပ်ချုပ်မှု အညွှန်းကိန်း အစီရင်ခံစာအရသိရသည်။

အဆိုပါ အစီရင်ခံစာတွင် လိုင်စင်ချထားပေးမှုသည် တန်ဖိုးသတ်မှတ်မှုတွင် အားအနည်းဆုံးအချက်ဖြစ်ပြီး Natural Resource Governance Institute ၏ ကောက်ယူသည့် အချက်အလက်များအရ အမှတ် ၁၀၀ တွင် လေးမှတ်သာရရှိကြောင်း ဖော်ပြထားသည်။

Advertisements
data-language="en"

ယင်းသို့ သတ်မှတ်ခြင်း နှင့် ပက်သက်၍ NRGI မြန်မာပြည်မှ အရာရှိတစ်ဦးဖြစ်သူ ဟိုဆားနားက “EITI နဲ့ ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ သတ္ထုထုတ်လုပ်မှု ကျောက်စိမ်းထုတ်လုပ်မှုမှာ အမှတ်ပြည့်ရပေမယ့် တကယ်တမ်းဖော်ဆောင်တဲ့နေရာမှာ အမှတ်မရတော့ဘူး။ တကယ်ဖော်ဆောင်ဖို့ လိုအပ်နေတယ်” ဟုပြောသည်။

အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ကျောက်စိမ်းတူးဖော်ရေး ကဏ္ဍသည် တာ့ခ်မစ်စတန်နိုင်ငံပြီးလျှင် ဒုတိယအညံ့ဖြစ်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အစိုးရ၏ ကိုင်တွယ်စီမံမှုမှာ ပွင့်လင်းမြင်သာမှုမရှိသလောက်နီးပါးဖြစ်ကာ ကျောက်စိမ်းကဏ္ဍ ရောင်းဝယ်ရေးကုမ္ပဏီများရှိ လိုင်စင်ထုတ်ပေးမှုလုပ်ငန်းစဉ်၊ စာချုပ်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများ၏ အထောက်အထားများ နှင့် ပတ်သက်သည့် အချက်အလက်များမှာလည်း ထုတ်ပြန်ကြေညာမှု မရှိသလောက်ပင်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

အစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် သယံဇာတစီမံအုပ်ချုပ်မှုအညွှန်းကိန်း(RGI)အရ မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာကဏ္ဍသည် အမှတ် ၁၀၀ အနက် ၂၇ မှတ်ရှိပြီး အကဲဖြတ်ချက် ၈၉ ခုတွင် အဆင့် ၈၃ နေရာတွင်ရှိကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ တစ်နှစ်ကျောက်စိမ်းထုတ်လုပ်မှုမှာ ဒေါ်လာသန်းထောင်ပေါင်းများစွာရှိသည်ဟု NRGI က ခန့်မှန်းထားသည်။

၂၀၁၅ အောက်တိုဘာလတွင် ထုတ်ပြန်သည့် Global Witness ၏ မြန်မာနိုင်ငံ၏ “ကြီးမားသည့် နိုင်ငံတော် လျို့ဝှက်ချက်” ကျောက်စိမ်းနှင့် ပက်သက်သောအစီရင်ခံစာတွင် ၂၀၁၄ ခုနှစ် တစ်နှစ်တည်းပင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံရှိကာ ကျန်းမာရေးအသုံးစရိတ် ၄၆ စ ရှိကြောင်းဖော်ပြထားသည်။]

NRGI အနေဖြင့် အဆိုပါအစီရင်ခံစာအား လွတ်လပ်သော ပညာရှင် ၁၅၀ ကျော်တို့မှ အထောက်အကူပြု စာရွက်စာတမ်းပေါင်း ၁၀၀၀၀ ကျော်ကို ကိုးကားလျက်အဆင့်သတ်မှတ်ဖော်ထုတ်ပြုစုထားခြင်းဖြစ်ကြောင်း NRGI ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကျောက်စိမ်းထွက်ရှိသည့် ဖားကန့်ဒေသတွင် ကျောက်စိမ်းထွက်ရှိသောကြောင့် အလုပ်လုပ်ကိုင်သူဦးရေများပြားနေပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ ၃၁၂၂၇၈ ဦး ရှိကြောင်းသိရသည်။

Written by ဆုမင်းကို

Leave a Reply