မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၁ ။ ။ မြန်မာနိုင်ငံ ကျောင်းသားများ ဂျပန်နိုင်ငံသို့ သွားရောက် ပညာသင်ကြားနိုင်ရေး အတွက် ဂျပန် အစိုးရ နှင့် မြန်မာ နိုင်ငံက တက္ကသိုလ်များပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဂျပန်သံရုံးမှ တာဝန်ရှိသူ မစ္စတာဟီဒီကီဟာဂါဆီက ပြောကြားသည်။

Japan-
တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူ၊ ကျောင်းသားများ နှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ ဂျပန် နိုင်ငံတွင် ပညာသင်ကြားနိုင်ရေး အတွက် အစီအစဉ် များလုပ်ဆောင်နေကြောင်း ၎င်းကပြောကြားသည်။

မော်လမြိုင်မြို့ ငွေမိုးဟိုတယ်တွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ဂျပန်ပညာတော်သင် တက်ရောက်လိုသူမည့်များအတွက် လိုအပ်သည့် အရည်အချင်း ရှင်းလင်းဆွေးနွေးပွဲတွင် ၎င်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ပညာတော်သင် တက်ရောက်လို သူများ အနေဖြင့် ဂျပန်နိုင်ငံတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (EJU) ကို ဖြေဆို အောင်မြင်ရမည်ဖြစ်ပြီး (EJU) စာမေးပွဲကို ဂျပန်သံရုံးတွင် တစ်နှစ်တစ်ကြိမ် ကျင်းပ လျက်ရှိကြောင်း ဂျပန်သံရုံးမှ တာဝန်ရှိသူ မစ္စတာဟီဒီကီဟာဂါဆီက ပြောဆိုသည်။

ဂျပန်နိုင်ငံတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (EJU) ဖြေဆိုချင်သူများသည် အနည်းဆုံး တက္ကသိုလ် ပထမနှစ်အောင် ပြီးအသက် ၃၅ နှစ်အောက်ဖြစ်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ဒီပွဲလေးကို တက်ရောက်ဖြစ်တော့ ဂျပန်နိုင်ငံရဲ့ ပညာသင်ကြားတဲ့ပုံစံတွေကို သိရှိရတယ််၊ ဂျပန်နိုင်ငံကို ပညာတော် သင်သွားချင်ရင် အများကြီး ကြိုးစားမယ်ဆိုတာ နားလည်သွားတယ်” ဟု အဆိုပါ ဆွေးနွေးပွဲ လေ့လာတက်ရောက်ခဲ့သူ ကိုအောင်ကိုက ပြောဆိုသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံတွင် ပညာတော် သင်တက်ရောက်နေသည့် ထူးချွန်ကျောင်းသား ၃၀ ရှိနေကြောင်း ဂျပန်သံရုံးအဖွဲ့ထံမှ သိရသည်။

Leave a Reply