ကရင်ပြည်နယ်၊ မြဝတီမြို့သည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ကုန်သွယ်ရေးစခန်းများအနက် ကုန်သွယ်မှုအများဆုံးဖြစ်ပြီး ယခု ဘဏ္ဍာနှစ်တွင် ယခင်နှစ်က ထက်ပိုမို မြင့်တက်လာခဲ့ကာ မေလ ၁၂ ရက်ထိ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၁၄၅ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း နိုင်ငံတော်မှ တရားဝင်ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

ထိုင်းနိုင်ငံ၏ အနောက်တောင်စီးပွားရေး တံခါးပေါက်ဖြစ်သည့် မဲဆောက်-မြဝတီလမ်းမှ မြန်မာနိုင်ငံသို့ သွင်းကုန် အမေရိကန်ဒေါ်လာ ၇၅ ဒသမ၂၁၄ သန်း တင်သွင်းနိုင်ခဲ့သလို ပြည်တွင်းထွက်ပစ္စည်းများ၏ ပို့ကုန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၃၁ သန်းကုန်သွယ် နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုန်စည် စီးဆင်းမှု မြင့်တက်လာပြီး မေလလတွင်း ကုန်သွယ်မှုမှာ ယခင် ၂၀၁၆ ခုနှစ် မေလ ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၂၆ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉၇၂ သန်းပိုမို ကုန်သွယ်လာနိုင်ခဲ့ကာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉၅၃ သန်းပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တရားဝင် ထုတ်ပြန်ထားသော နှိုင်းယှဉ်ချက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်ပစ္စည်း အများဆုံး တင်ပို့ခဲ့သလို ရေထွက်ပစ္စည်းများ သစ်တောထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများနှင့် အခြားပစ္စည်းများ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
သွင်းကုန်ပိုင်းတွင်လည်း လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ လယ်ယာသုံးပစ္စည်းများ၊ ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ စက်သုံးဆီများနှင့် စက်ယန္တရားများ တင်သွင်းခဲ့ကြောင်းသိရသည်။

သို့သော်လည်း တရားဝင်တင်သွင်းခွင့် မရှိသော ဘီယာမျိုးစုံ၊ အေးခဲအသား၊ ကြက်နှင့် ကြက်အသည်း၊ နှလုံးပါကင်ထုပ်များ၊ ဂျပန် တပတ်ရစ် without car များကို တရားမဝင် တင်သွင်းနေဆဲဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။
Written by – ဆုလာဘ်

Leave a Reply