မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း ပို့ကုန် သွင်းကုန် ပမာဏ သိသာစွာ လျော့ကျ

မြဝတီ ၊ ဇူလိုင်

ယခုဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်နေ့မှ ဇူလိုင် ဒုတိယပတ်ထိ ကာလအတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တဆင့် တစ်ဖက်နိုင်ငံ ထိုင်းသို့ ပို့ကုန်ပမာဏမှာ ယမန်နှစ် ကာလတူအောက် ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းလျော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန စာရင်းဇယားများက ပြဆိုသည်။

ယခင်နှစ် အဆိုပါကာလတွင် ပို့ကုန်ပမာဏမှာ ကန်ဒေါ်လာ ၂၄ သန်းကျော်ရှိခဲ့သော်လည်း ယခုမူ ၁၅ ဒသမ ၇ သန်းသာ ရှိခဲ့ကြောင်း ကာလတူ နယ်စခန်းများအလိုက် ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုအခြေအနေပြဇယားတွင် တွေ့ရှိရသည်။

အလားတူ ဖော်ပြပါကာလအတွင်း သွင်းကုန်ပမာဏချင်း နှိုင်းယှဉ်ချက်မှာလည်း ကွာဟမှုအနေဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ဖိုး လျော့ကျခဲ့သည်။ ပို့ကုန် သွင်းကုန် နှစ်ရပ်ပေါင်း ကုန်သွယ်မှုပမာဏမှာ ယခုနှစ် ယင်းကာလအတွင်း ၂၂၃ သန်းကျော်သာရှိပြီး ၎င်းသည် ယမန်နှစ်က သွင်းကုန်ပမာဏနှင် ဆ,တူအနေအထားသာ ရှိနေသည်။

ကာလနှစ်ရပ်အတွင်း ကုန်သွယ်မှုပမာဏ စုစုပေါင်းကွာဟချက်မှာ ကန်ဒေါ်လာ ၂၄ သန်းကျော် ဖြစ်သည်။

Written by ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.