မြဝတီ၊ နိုဝင်ဘာ ။ ။ ထိုင်းနိုင်ငံနှင့် ထိစပ်နေသောနယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် မြဝတီ၊ တာချီလိတ်၊  ကော့သောင်း၊  မြိတ်၊ နဘုလည်(ထီးခီး)၊ မောတောင်းစသည့်နယ်စပ်စခန်းများအနက် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှာကုန်သွယ်စီးဆင်းမှုအများဆုံးဖြစ်ကာဧပြီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၁ ရက်နေ့ထိအမေရိကန်ဒေါ်လာ ၄၈၅ ဒသမ ၄၈၈ သန်းကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။

myawadi

ယင်းကဲ့သို့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်နိုင်ခဲ့ပြီးတာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၆၈၁ သန်း၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၃ သန်း၊နဘုလည်(ထီးခီး) နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၅၇ သန်း၊  မောတောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၆၂ သန်းကုန်သွယ်နိုင်ခဲ့သဖြင့်ထိုင်းနိုင်ငံနှင့် ထိစပ်နေသောကုန်သွယ်မှု ပမာဏမှာစုစုပေါင်းအမေရိကန်ဒေါ်လာ ၆၉၁ ဒသမ ၇၈၅ သန်းကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။

ယခုအခါ ထိုင်းနိုင်ငံနှင့် ထိစပ်နေသောကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် နိုင်ငံတော်မှ တရားဝင်ဖွင့်လှစ်ခဲ့သည့်အတွက် ကုန်သွယ်မှု ပိုမိုမြင့်တက်လာမည်ဖြစ်ပြီးကရင်ပြည်နယ် ဘုရားသုံးဆူနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်းတရားဝင် ဖွင့်လှစ်နိုင်ရန် ကုန်သည်များကမျှော်လင့်နေကြကြောင်းသိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသောနယ်စပ်ကုန်သွယ်ရေးစခန်းများအနက် မောတောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် နဘုလည်(ထီးခီး)နယ်စပ်ကုန်သွယ်ရေးစခန်းမှာကုန်သွယ်မှုအနည်းဆုံးဖြစ်ကြောင်း၊ မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုမှ ဧပြီလ ၁ ရက်နေ့မှ အောက်တိုဘာ၂၁ ရက်နေ့ထိစုစုပေါင်းကုန်သွယ်မှုမှာပို့ကုန်ပမာဏအမေရိကန်ဒေါ်လာ ၂၃၈၂ ဒသမ ၇၂၈ သန်းဖြစ်ပြီးသွင်းကုန်ပမာဏမှာ ၁၅၃၆ ဒသမ ၆၄၄ သန်းကုန်သွယ်နိုင်ခဲ့သည့်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၃၉၁၉ ဒသမ ၃၇၂ သန်းကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှုပမာဏမှာသွင်းကုန်ပမာဏထက် များပြားသော်လည်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှာပို့ကုန်ပမာဏသည် သွင်းကုန်ပမာဏထက် ၁၄ ဆကျော်လျော့ကျနေသေးကြောင်းသိရသည်။

Written by ဆုလာဘ်နန္ဒာ

Leave a Reply