Advertisements

နယ်စပ်ကုန်သွယ်ရေးစခန်းများ အနက် ဒုတိယကုန်သွယ်မှု အများဆုံး ဖြစ်သော မြဝတီ နယ်စပ်စခန်းမှ ပို့ကုန်တင်ပို့မှု ယခင်နှစ်ကာလတူထက် (၁၅)ဆ မြင့်တက်လာသော်လည်း သွင်းကုန် တင်သွင်းမှုမှာ (၂၁) ဆကျော် လျော့နည်း သွားခြင်းကြောင့် ကုန်သွယ်မှ ပမာဏမှာ ယခင်နှစ်ကာလတူထက် ( ၆)ဆ ကျော် လျော့ နည်း နေဆဲ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ တရားဝင်ထုတ်ပြန်ချက်အရသိရသည်။

မြဝတီ ဒေါနတောင်ကျော် အာရှလမ်းသစ်အား ၂၀၁၅ ခုနှစ်အောက်တိုဘာလ ၃၀ ရက်နေ့၌ ဖွင့်လှစ်ပြီးနောက် ထိုင်းကုန်ပစ္စည်းများ ကုန်သွယ်မှုတဟုန်ထိုး မြင့်တက်လာခဲ့သော်လည်း ယခုနှစ် ဘဏ္ဍာ နှစ်သစ်တွင်ကုန်သွယ်မှု လျော့ကျလာခဲ့ကာ ဧပြီလ(၁) ရက်နေ့မှ ဖေဖော်ဝါရီလ(၂) ရက်နေ့ထိ စုစုပေါင်း ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၇၅၀. ၈၁၉ သန်းသာ ကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ထိုင်းနိူင်ငံသို့ တင်ပို့မှုမှာ ဘဏ္ဍာနှစ်သစ် ဖြစ်သော ဧပြီလ ၁ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ အမေရိကန်ဒေါ်လာ ၆၄.၂၈၃သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၄၈.၉၆၉ သန်းကုန်သွယ်နိူင်သည့်အတွက် ယခင်နှစ်ကာလတူကထက် အမေရိကန်ဒေါ်လာ ၁၅.၃၁၄ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံတော်မှထုတ်ပြန်ထားသောစာရင်းများနှိုင်းယှဉ်ချက်အရသိရသည်။

Advertisements
data-language="en"

သို့သော်လည်း ထိုင်းကုန်ပစ္စည်း တင်သွင်းမှုမှာ ယခုဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၆၈၆.၅၃၆ သန်း ကုန်သွယ်နိူင်သော်လည်း ယခင်နှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၇၀၈.၂၆၈ သန်း ကုန်သွယ်ထားသည့်အတွက် ယခင်နှစ်ထက် ကုန်သွယ်မှု ၂၁ ဆလျော့ကျနေဆဲဖြစ်ကြောင်းထုတ်ပြန်ချက်စာရင်း နှိုင်းယှဉ်ချက်အရ သိရသည်။

မြဝတီနယ်စပ်မှ စက်ယန္တရားများ၊ လယ်ယာသုံးပစ္စည်းများ၊ ဆိုင်ကယ်များကို ပုံမှန်တင်သွင်းလျက်ပြီး။ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်နှင့် စက်သုံးဆီများ ဓာတ်ငွေ့ရည်များ မော်တော်ဆိုင်ကယ်များ၊ တင်သွင်းလျက်ရှိသလို လယ်ယာ လုပ်ငန်းခွင်သုံး ဓာတ်မြေသြဇာများ၊ သံ၊ သွတ်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ။ သကြားများကို Re export အဖြစ် မြဝတီနယ်စပ်မှ တစ်ဆင့် တရုတ်ဈေးကွက်သို့တင်ပို့လျက်ရှိသည်။

ထို့အပြင် ကြက်၊ ကြက်ထွက်ပစ္စည်းများ၊ အေးခဲအသားများ နှလုံး၊အသဲ ပါကင်ထုပ်များ၊ အသားစားဝက်များအား သောင်ရင်းဖြတ်ကျော် စက်လှေဂိတ်များမှ တစ်ဆင့် မြဝတီနယ်စပ်သို့တရားမဝင်တင်ပို့နေခြင်းကြောင့်ပြည်တွင်းကြက်မွေးမြူရေး လုပ်ငန်းရှင်များလည်းထိခိုက် နစ်နာမှုများ ဖြစ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပို့ကုန်များမှာ ရေထွက်ကုန်များဖြစ်သော ငါး၊ ပုစွန်၊ ကဏန်းများနှင့် လယ်ယာထွက်ကုန်၊ကြက် သွန်၊ နှမ်း၊ နနွင်း နှင့် ပရဆေး များ တင်ပို့လျှက်ရှိသည်။ မြန်မာသစ်များကိုတရားဝင်တင်ပို့ခွင့်မရှိသော်လည်း တရားမဝင်တင်ပို့မှုအဖြစ် သောင်ရင်းဖြစ်ဖြတ်ကျော် ဂိတ်များမှ ကူးလူးလျက်ရှိ ပြီး မြန်မာ့ နွားများကို ထိုင်းနိုင်ငံသို့ တရားဝင်တင်ပို့ရန် နိုင်ငံတော်မှ ခွင့်ပြုထားသော်လည်း ယနေ့ချိန်ထိ တရားဝင် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မင်းခန်

Leave a Reply