Advertisements

မြဝတီ၊ အောက်တိုဘာ ၁၀ ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မူးယစ်ဆေးဝါးအမှှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ အောက်တိုဘာ ၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမူးယစ်တပ်ဖွဲ့စုမှ သိရှိရသည်။

မြဝတီမူးယစ်တပ်ဖွဲ့စု(၃၂)မှဒုတိယရဲမှူး မင်းထွဋ်ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် အမှတ်(၄)နှင့် (၃)ရပ် ကွက်အုပ်ချုပ်ရေးပိုင်းနှင့်အတူ အောက်တိုဘာ ၉ ရက်က မြဝတီရဲစခန်းတွင် မယ(ပ)၁၅၉/ ၂ဝ၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂ဝ(က)/၂၁ ဖြင့်အမှုဖွင့်ခံထားရသည့် တိမ်းရှောင်နေသူ ဇော်ဇော်ထွန်းအား မြဝတီမြို့အမှတ်(၂) ရပ်ကွက်၊ ပတ္တမြားလမ်းနေ ဝေယံချစ်၏ နေအိမ်၌ ရောက်ရှိနေကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။

Advertisements
data-language="en"

“ပြီးခဲ့တဲ့လက (၉)လပိုင်းထဲမှာပေါ့။ မြဝတီရဲစခန်းမှာ မူးယစ်မှုနဲ့ အမှုဖွင့်ခံထားရသူတစ်ဦးပါ။ အဲဒီအမှုက ဇော်ဇော်ထွန်းနေအိမ်ကို သတင်းအရသွားရှာဖွေတာ ဇော်ဇော်ထွန်းကိုတော့ မတွေ့ခဲ့ဘူး။ သူ့သူငယ်ချင်း တွေနဲ့ ICE(၂၇၀)ဂရမ်နဲ့ ဆေးပြားအကြေမှုန့်တွေ မိခဲ့တာပေါ့။ အဲဒီမှာ ကွင်းဆက်တရားခံအဖြစ် အမှုဖွင့်ခဲ့ပြီး အခုမှ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။”ဟု မြဝတီမြို့မူးယစ်တပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။

ထိုသို့ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ်တွင် ဝေယံချစ်၊ ဇော်ဇော်ထွန်းနှင့် ခိုင်ဝင်းတို့(၃)ဦးအား အသင့်တွေ့ရှိရပြီး ဇော်ဇော်ထွန်းမောင်းနှင်လာသော Honda Air Wave ယာဉ်အားရှာဖွေရာ ဒက်ရှ်ဘုတ်အောက်ရှိ Box အတွင်း ပလပ်စတစ်အိတ်ဖြင့်ထုပ်ထားသည့် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေး(၂ဝဝ)ပြားပါ(၁ဝ)ထုပ်၊ စုစုပေါင်း(၂ဝဝဝ)ပြား၊ အလေးချိန်(၁၈၀)ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း(၆ဝ)နှင့် အဖြူရောင်ပုံဆောင်ခဲ အလေး ချိန်(၁.၅)ဂရမ်ပါ အထုပ်(၁)ထုပ်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရှိရသည့် မြဝတီမြို့အမှတ်(၅)ရပ်ကွက်၊ နတ်စင်လမ်းနေ တရားခံပြေး ဇော်ဇော်ထွန်း(၂၄)နှစ်၊ မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားလမ်းနေ ဝေယံချစ်(၂၃)နှစ်၊ မြဝတီမြို့၊ မဲ့ပလဲ့ ကျေးရွာ နေခိုင်ဝင်း(၃၈)နှစ်တို့အား ဒုတိယရဲမှူး မင်းထွဋ်က တရားလိုပြုလုပ်တိုင်ကြားရာ မြဝတီမြို့မရဲစခန်းက မယ(ပ)၁၇၂/၂ဝ၁၇ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Written by -MMK

Leave a Reply