Advertisements

 

မြဝတီ၊ အောက်တိုဘာ(၁)ရက်။

ကရင်နယ်၊ မြဝတီမြို့တွင် လာရောက်ကပြသည့် ဇတ်အဖွဲ့မှ ဇာတ်သားအချင်းချင်း ဓားထိုးမှု စက်တင်ဘာ (၂၉)ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။

သဖန်းပင်ဂိတ်အနီး၌ ဓားထိုးမှုဖြစ်ပွားကြောင်းသတင်းအရ ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရပ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ အခင်းဖြစ်ရာသို့ သွားရောက်ကြည့်ရှုခဲ့ရာ မြဝတီမြို့သို့ လာရောက်ကပြ နေသည့် ဇာတ်အဖွဲ့တစ်ခုမှ ရန်ကုန်တိုင်းဒေသကြီးနေ လူရွှင်တော်ရဲနောင်ထွန်း(ခ)ရဲရဲ(၂ဝ)နှစ်မှာ ဝဲဘက်ကျောတွင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊သပြေတန်းကျေးရွာနေ နေလင်း(၃၃)နှစ်မှာ ယာဘက်ကျောတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့သဖြင့် ၎င်းတို့ကို မြဝတီခရိုင်ဆေးရုံကြီးသို့ ပို့ဆောင် ပေးထားကြောင်း သိရသည်၊

“မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ သဲပုံဂိတ်မှာ ကပြဖျော်ဖြေနေတဲ့ ‘——‘ ဇတ်သဘင်က ဇတ်မင်းသားရဲ့ လက်ကိုင်ဖုန်းကို ဇတ်အဖွဲ့သား ဇွန်းကိုကိုကနေ ခိုးယူသွားတာကြောင့် ရဲနောင်ထွန်း(ခ)ရဲရဲနဲ့ နေလင်းတို့ကနေ လိုက်ပြီးတောင်းခဲ့တာပါ။ သဖန်းပင်ဂိတ်အနီးအရောက်မှာ ဇွန်းကိုကို ကိုတွေ့ရှိပြီး လက်ကိုင်ဖုန်းကို ပြန်တောင်းတာမှာ ဇွန်းကိုကိုကပြန်မပေးဘဲ အသင့်ပါလာတဲ့ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာပါ။”ဟု မြဝတီမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဓားဖြင့်ထိုးခဲ့သူကို ဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ စက်တင်ဘာ ၂၉ ရက်၊ ည (၁၀)နာရီခွဲခန့်တွင် မြဝတီမြို့၊ အမှတ် ၂ ရပ်ကွက်၊ သဲပုံဂိတ်အနီး၌ ဇွန်းကိုကိုအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအသုံးပြုခဲ့သည့် အရိုး၊ အသွား(၆)လက်မရှိ စတီးခေါက်ဓားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့မရဲစခန်းမှ ဒုတိယရဲအုပ်သက်နိုင်စိုးမှ တရားလိုပြုလုပ်တိုင်ကြားသဖြင့် ဓားဖြင့်ထိုးသူ သထုံမြို့၊ နန်းခဲရပ်ကွက် မြသပိတ်ဘုရားလမ်းနေ ဇွန်းကိုကို(၂၄)နှစ်အား မြဝတီရဲစခန်းမှ (ပ)၁ဝဝ၉/၂ဝ၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Written by -MMK

 

Advertisements
<

Leave a Reply