မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ်တွင်ယာဉ်တိုက်မှု နေ႔စဉ်နီးပါး ဖြစ်ပွားနေပြီးကွမ်းခြံကွေ့ မိုင်တိုင်အမှတ် ၁၅၇ မှ ၁၅၈တွင်ကြားတွင် အများဆုံးဖြစ်ကာ မော်တော်ယာဉ်များသတိပြု မောင်းနှင်ရန် လိုအပ်ကြောင်း မြဝတီစေတနာလူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌဦးလှထွန်းကပြောကြားသည်။

mya-wa-di

“အာရှလမ်းမှာယာဉ်တိုက်မှု၊ မတော်တဆမှုတွေနေ့တိုင်းဖြစ်တော့ရိုးတောင်နေပြီ။ဖြစ်လိုက်ရင် ကွမ်းခြံ ကွေ့ပါပဲ။ အတက်ရှည်၊အဆင်းရှည်တဲ့ လမ်းကြောင့်လို့ ဆိုပေမဲ့ လူက၊မာင်းတဲ့သူကထိန်းရပါမယ်။သတိနဲ့ မောင်းရပါမယ်” ဟုဦးလှထွန်းကပြောသည်။

ကော့ကရိတ်ဘက်မှ မြဝတီ သို႕ ခရီးသည် (၄၂) ဦး တင်ဆောင်လာသည့် ဟွန်ဒိုင်းအပြာရောင် ဘုရားဖူးယာဉ် နှင့် မြဝတီ မှ ကော့ကရိတ်ဘက်သို႔သွားသည့် မက်တူးအဖြူရောင် ကားတို႔သည် အဆိုပါကွမ်းခြံကုန်းကွေ့တွင် ညနေ ၆:ဝ၀ ခန်႔ ကမျက်နှာချင်းဆိုင် တိုက်မိခြင်းကြောင့် မက်တူးယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူတစ်ဦးတို႕ဒဏ်ရာရရှိခဲ့ပြီး မြဝတီ လူမှု ကယ် ဆယ်ရေးအဖွဲ႕မှ မြဝတီ ခရိုင်ဆေးရုံကြီးသို႔ပို႔ဆောင်ပေးခဲ့ကြောင်းသိရသည်။

မြဝတီ – ကော့ကရိတ် ကားလမ်း (အာရှလမ်း )ကွမ်းခြံကွေ႕မိုင်တိုင် ၁၅၈-၁၅၇(ကီလိုမီတာ) ကြားတွင် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို႔မောင်းနှင်လာသည့် ယာဉ်အမှတ် MDY 5G 7542 ကိုးရီးယားဟွန်ဒိုင်းအပြာရောင်ခရီးသည်တင်မှန်လုံယာဉ် အားယာဉ်မောင်းမောင်ငွေ(ခ) ဖိုးစီမောင်းနှင်လာစဉ် အဆိုပါ ကုန်းအဆင်း၌ ဘရိတ်ပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲတစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသောအဖြူ ရောင် မက်တူးယာဉ်၏ဦးခေါင်းအားဝင်တိုက်ခဲ့သည်။

ထို့အတူအဆိုပါ ကွမ်းခြံကွေ႔တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်။ ၁၈ ရက် များတွင်လည်း ယာဉ်မတော်တဆဖြစ်ကာ လူပေါင်းများစွာဒဏ်ရာရှိခဲ့သည့်အတွက် အရေးပေါ်လူနာအဖြစ် မြဝတီခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ပေးခဲ့ရကြောင်းသိရသည်။

မြဝတီ- ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ်သည် အဆင်းရှည် ၊ အတက်ရှည် အကွေ႔အကောက်များခြင်းကြောင့် လမ်းကောင်းသော်လည်း လမ်းကြောမကျွမ်းကျင်သည့် ၊ တစ်ခါ တစ်ရံမှ သာမောင်းနှင်သည့် ယာဉ်မောင်းများမကြာခဏယာဉ်မတော်တဆမှု ဖြစ်ပွားလျက်ရှိသည့်အတွက် ယာဉ်မောင်းများအထူးဆင်ခြင်ရန် လိုအပ်သည်။

Written by ဆုလာဘ်နန္ဒာ

Leave a Reply