Advertisements

ထားဝယ်၊ မေ

တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်၃ခုအနက် မြိတ်ခရိုင်အတွင်းမှ တရားမဝင် သစ် ဖမ်းဆီးရမိမှုမှာ ဘဏ္ဍာနှစ် ၂ခုဆက်တိုက်တွင် တန်ချိန် ၁၂၀၀ ကျော်စီ ရှိနေကြောင်း သစ်တောဦးစီးဌာန၊ တိုင်းရုံးထံမှ သိရသည်။

တိုင်းအတွင်း၌ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်က တရားမဝင် သစ်တန်ချိန် ၁၈၇၀ ကျော် ဖမ်းမိခဲ့ရာ မြိတ်ခရိုင်မှ သစ်တန် ၁၂၃၀ကျော် ပါဝင်ခဲ့သည်။ နောက်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၇-၂၀၁၈ တွင်လည်း တိုင်းအတွင်း၌ သစ် တန်ချိန်၂၀၈၀ ကျော် ဖမ်းမိခဲ့ရာ ယင်းခရိုင်အတွင်းမှ တန်ချိန် ၁၂၈၀ ကျော် ပါဝင်ကြောင်း သိရသည်။

“အဓိကက ကျွန်တော်တို့ ဖမ်းတာ ကုန်းဘက်မှာ များတယ်။ တခါတလေ ပင်လယ်မှာ ရေတပ်က မိတာရှိတယ်”ဟု အထက်ပါရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ဆိုသည်။

ပင်လယ်ပြင်ရှိ ကျွန်းများမှ သစ် တရားမဝင်ထုတ်လုပ်နေခြင်းမှာ မြိတ်ခရိုင်အပြင် ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်တို့တွင်လည်း အလားတူ ရှိနေကြောင်း၊ ဝှက်ထားသည့် သစ်များကို လိုက်လံရှာဖွေခြင်း၊ လှေဖြင့် ဆွဲယူလာသည်ကို စောင့်ကြည့်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ယခင်ကနှင့်မတူဘဲ ယခုအခါ ပြည်တွင်း၌ တရားမဝင် သစ်ထုတ်လုပ်၍ လှေတည်ဆောက်ကာ ထိုင်းဘက်သို့ ပြန်လည်ရောင်းချခြင်းမျိုးရှိလာကြောင်း Green Network Tanintharyi Region (ကျွန်းစုမြို့)မှ ဦးမျိုးဦးက ပြောသည်။
၂၀၁၈ ဧပြီလတွင် တရားမဝင်သစ် ဖမ်းမိသည်မှာ မြိတ်ခရိုင်မှ ၇၈ ဒသမ ၉၄တန်၊ ထားဝယ်ခရိုင်မှ ၁၁ ဒသမ ၁၃တန်နှင့် ကော့သောင်းခရိုင်မှ ၁၃ ဒသမ ၆၇တန် ရှိခဲ့သည်ဟု တိုင်းသစ်တောရုံးမှတဆင့် ထပ်မံသိရှိရသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply