Advertisements

မော်လမြိုင်၊ မေ ၁၀

မော်လမြိုင်မြို့ မြိုင်ရတနာသားငါးဈေး နှင့် ရပ်ကွက်လေးခုမှ ဈေးများ အသစ်ပြည်လည်တည်ဆောက် မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မော်လမြိုင်မြို့ မြိုင်ရတနာသားငါးဈေး ကို UHM Co.,Ltd အား ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဘဏ္ဍာငွေ ကျပ် ၁၆၈၀ သန်းအသုံးပြီး မော်လမြိုင်မြို့ မြိုင်သာယာ ၊သိရိမြိုင်၊ ရွှေမြိုင်သီရိ ဒိုင်းဝန်ကွင်း ရပ်ကွက်ဈေးများ ကိုလည်း ပြန်လည်တည်ဆောက်သွားမည်ဖြစ်သည်။

သိရိမြိုင်ဈေး က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက မှု “ အစိုးရကအလကားဆောက်ပေးမယ် ဆိုတော့ဝမ်းသာ တယ်၊ပိုပြီးဝမ်းသာတာ၊ကိုယ့်ဆိုင်ခန်းနေရာတိုင်းပြန်ရမယ်၊ဈေးဆောက်ဆဲမှာလည်း ဈေးဝင်းထဲမှာပဲ အရောင်းအဝယ်ဖောက်သည်မပျက် ပြန်ရောင်းခွင့်ပြုတာ ဝမ်းသား ပါတယ်” ဟု ဆိုသည်။

ယခင်ဈေးတစ်ပိုင်းဆောက်စဉ်က တစ်ခန်းကိုကျပ်၆သိန်းခွဲပေးရပြီး၊ပြန်လည်ပြုပြင်မှုကြောင့် ကျပ်သိန်းဆယ်ခန့် ကုန်ကျခဲ့ကြောင်း ဈေးရောင်းချသူတစ်ဦးက ဆိုပါသည်။

မြိုင်သာယာဈေးသူတစ်ဦးက “ကျွန်မတို့လည်း သီရိမြိုင်ဈေးထဲမှာလို ယာယီအရောင်းဝယ်မပျက် ရောင်းခွင့်ပေး ပါ၊ နေ့ပြန်တိုးယူပြီးဈေးရောင်းကြရပါတယ်၊ယာယီဈေးက ခုကတည်းကမိုးရေမြုပ်၊ အရောင်းအဝယ်မကောင်း နိုင်ဘူးဆိုပြီး၊ နေ့ပြန်တိုးသမားတွေကမချေးကြတော့ ကလေးကျောင်းတွေဖွင့်ရင် အခက်အခဲရှိတဲ့ အတွက်စဉ်းစားပေးသင့်ပါတယ် ”ဟုဆိုသည်။

မော်လမြိုင် မြိုင်သာယာဈေးကို ကျပ်သန်း-၅၄၄ဒသ မ၅၈သန်း၊သီရိမြိုင်ဈေးB၊Cရုံပြုပြင်ခြင်း အတွက် ငွေကျပ် ၁၀၈ သန်း၊ရွှေမြိုင်သီရိဈေး အတွက် ၃၅၉ဒသမ၉၅သန်း ၊ ဒိုင်းဝန်ကွင်းပျံကျဈေးတန်း ကျပ် ၇၉ဒသမ၈၆သန်းအသုံးပြုသွားမည်ဖြစ်သည်။

မြသက်

Advertisements
<

Leave a Reply