မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ မြိုင်ရတနာနှစ်ထပ်ဈေးကြီးနှင့် လေးထပ်ဈေးကြီးတို့မှ ပေကျော် ၍ ဈေးခင်းကျင်းရောင်းချနေသောဆိုင်ခန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတိပေးမှုများပြုလုပ်ပြီးနောက်စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်းမော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။

Bazar

၎င်းဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၁၁၀၇ ခန်းကိုပေတိုင်းစည်းဆွဲပေးထားပြီးစည်းကျော်သည့် ဈေးဆိုင်ခန်းများကိုဒဏ်ငွေရိုက် သတိပေးမှုများနှင့် အရေးယူမှုများလုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

ဈေးအတွင်းမှ ၁၆ ပေရှိဈေးဆိုင်ခန်းလမ်းများကိုလူသွားလမ်းအကျယ် ရှစ်ပေထားရှိ၍ ရှစ်ပေအကျယ်ရှိဈေးဆိုင်ခန်းလမ်းများကိုလူသွားလမ်းလေးပေထားရှိမည်ဖြစ်ကြောင်း မြိုင်ရတနာဈေးရှိစည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရှိရသည်။

“နောင်လည်းစည်ပင်သာယာရေးအတွက်အနှောင့်အယှက်ဖြစ်လာမယ့်ဟာမျိုးတွေ၊မြို့သာယာရေးအတွက်အနှောင့်အယှက်ဖြစ်လာမယ့်ဟာမျိုးတွေကိုင်တွယ်ဖြေရှင်းပါမယ်နော်”ဟုဇူလိုင်လ ၁၇ ရက်ကကျိုက်သုတ် ဓမ္မရုံတွင် ပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲတွင် စည်းကမ်းမဲ့ ဈေးသည်များကိုမည်သို့ဆောင်ရွက်မှု အစီအစဉ်နှင့်ပတ်သက်၍ လူထုမေးမြန်းချက်ကိုမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကပြောကြားထားသည်။

မကြာသေးမီကာလကလည်းစည်ပင်သာယာရေးပိုင် ပလက်ဖောင်းများကိုကျော်လွန်ကာအများပြည်သူအသုံးပြုသောကတ္တရာလမ်းပေါ်သို့ကျူးကျော်ဈေးရောင်းချသည့်လမ်းဘေးဈေးဆိုင်များကိုမွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေဖြင့် ဖြေရှင်းထားမှုများရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

Leave a Reply