မော်လမြိုင်၊ မေ ၂၀

မော်လမြိုင်မြို့ရှိ မြိုင်သာယာရပ်ကွက်စျေးသစ်ကို ကျပ်သန်း-၅၄၄ ဒသမ၅၈ ဖြင့် ဌာနအနေနှင့် ဦးစီးတည်ဆောက်ပြီး လိုအပ်သည့်ပစ္စည်းများကိုတင်ဒါခေါ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာယာ ရေးအဖွဲ့မှသိရသည်။

“မြိုင်သာယာစျေးဆောက်တာ ကုမ္ပဏီတင်ဒါအနေနဲ့မသွားတော့ဘူး၊ ဌာနအနေနဲ့ဦးစီးပြီးလုပ်မယ်။ လိုအပ်တဲ့ ပစ္စည်းကိုတင်ဒါအနေနဲ့ခေါ်ယူမယ်။ ဌာနအနေနဲ့ပဲလုပ်မယ်။ အခုဟာက တစ်ထပ်၊ သံဖရိမ်နဲ့ဆိုတော့ မိုးတွင်းကာလမှာလည်းလုပ်ရမယ်၊ အချိန်ကလည်း သိပ်မကျန်တော့ဘူး၊ တင်ဒါခေါ်ရင်တစ်လခွဲ၊၂-လလောက်အချိန်ထပ်ယူရ မယ်။ စျေးတွေလုပ်တဲ့အခါ ပုဂ္ဂလိကသမားတွေဒုက္ခရောက်တယ်။ ကျွန်တော်တို့မပါလို့မရဘူး၊ တောက်လျှောက်ပါနေရတယ်။ သိထားတာအချိန်ကလည်းမကျန်တော့ဘူး၊ အဖွဲ့အနေနဲ့ပဲဦးစီးပြီးလုပ်မယ်”ဟု အင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကို(မွန်ပြည်နယ်စည်ပင်)ကပြောပါသည်။

ကျပ်သိန်းတစ်ရာအထက်လုပ်ငန်းများကို တင်ဒါခေါ်ရန်ညွှန်ကြားချက် -၁ /၂၀၁၇တွင်ပါရှိရာ ယခုကိစ္စအပေါ်သဘောထားမေးမြန်းရာ -တင်ဒါလုပ်ထုံးလုပ်နည်း -၁ /၂၀၁၇ ၏နိဒါန်းတွင်သိန်းတစ်ရာအထက်ပါ၍၊ သိန်းတစ်ရာအ ထက်တင်ဒါစနစ်နှင့်သွားရမည်ဟု ယူဆနေကြကြောင်း ဦးတင်ကိုကိုကပြောသည်။

၁/၂၀၁၇ မတိုင်မီထုတ်ပြန်ထားသော ညွှန်ကြားချက်များတွင်နည်းပညာ လုပ်ငန်း၊ ဌာနကကြီးကြပ်သင့်သည့်လုပ်ငန်း၊ အစိုးရအဖွဲ့ဦးစီးသင့်သည့်လုပ်ငန်းများကို ဌာနကလုပ်ရမည်ပါရှိကြောင်း၊ လုပ်ငန်းအားလုံးကို တင်ဒါခေါ်ရမည့်ဟုမဆိုလိုကြောင်းလည်း ၎င်း ကထပ်လောင်းပြောကြားသည်။

မြသက်

Leave a Reply