Advertisements

ချောင်းဆုံ ဖေဖော်ဝါရီ ၇

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ UNDP ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ရန် ပြည်သူများ ပူးပေါင်းပါဝင်သော စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တွင် ချောင်းဆုံမြို့ကျွန်းသာယာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

“ဇန်နဝါရီလ ၁၄ ရက် ၁၅ ရက်နေ့တုန်းက ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့စဉ်ကရပ်ကွက်/ ကျေးရွာအုပ်စုတွေမှာ အမှန်တကယ်အကျိုးရှိပြီးအမှန်တကယ်ဦးစားပေးလုပ်ကိုင်ဖို့လိုအပ်နေတဲ့လုပ်ငန်းတွေကို ကျေးရွာလူထုတွေနဲ့တိုင်ပင်ဆွေးနွေးရွေးချယ်ဖို့ အိမ်စာအနေနဲ့ပေးခဲ့ပြီးဖြစ်တယ် ။အခုဒုတိယအကြိမ်ဆွေး နွေးပွဲမှာ မြို့နယ်အတွက်ဖွံ့ဖြိုးရေးဆောင်ရွက်လိုတဲ့ ဦးစားပေးလုပ်ငန်းတွေ၊ ဆောင်ရွက်လိုတဲ့အကြောင်း အရာတွေထွက် ပေါ်လာဖို့ရည်ရွယ်ကျင်းပရခြင်းဖြစ်တယ်”ဟုUNDPမှ မြို့နယ်အဆင့်ဒေသန္တရအုပ်ချုပ် ရေးဆိုင်ရာအရာရှိ ဦးကျော်စွာလွင်ကဆို သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင်ဌာနဆိုင်ရာ ၂၂ ဦး ၊မြို့မိမြို့ဖ ၁ ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၃၉ ဦး ၊ အမျိုးသမီး ဆယ်အိမ်မှူး /ရာအိမ်မှူး ၂၅ ဦး ၊မြို့နယ်အရပ်ဖက်အဖွဲ့အစည်းများမှ ၁၁ ဦး၊ UNDP မှ ၆ ဦး ၊OXPAM မှ ၁ ဦးစုစုပေါင်း ၁၀၅ ဦးတက်ရောက်ဆွေးနွေးကြောင်း သိရသည်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုအဖွဲ့၆ ဖွဲ့ခွဲ၍ဆွေးနွေးခဲ့ရာ သောက်သုံးရေရရှိရေး ၊ အမှိုက်သိမ်းဆည်းရေး ၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး ၊ ကျန်းမာရေး ၊ ပညာရေးကဏ္ဍများကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အစဉ်လိုက်ရွေးချယ်ထားကြောင်း ဆွေးနွေးပွဲတက်ရောက်သူမြို့မိမြို့ဖ ဦးတင်လှိုင်ဦးက ဆိုသည်။

တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ဆန်းပိုင်းတွင်ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်းနှင့် ချောင်းဆုံမြို့နယ်တွင်မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် UNDPမှတစ်နှစ်လျှင်ဒေါ်လာ ၁၂၄,၀၀၀ ၊ ၃ နှစ်ဆက်တိုက်ထောက်ပံ့ပေးရန်အစီအစဉ်ရှိကြောင်းသိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply