Advertisements

ကျိုက်ထို ၊ အောက်တိုဘာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာတွင် ပြီးခဲ့သည့် မတ်လလယ်က လမ်းမြေဖို့ရန် မြေတူးဖော်ရင်း ရွှေပြား ၃၉၀ ပြားတွေ့ရှိရသဖြင့် ရှေးဟောင်းသုတေသနဌာနမှတဆင့် နိုင်ငံတော်သို့ အပ်နှံခဲ့သူမှာ ယခု ခြောက်လကျော်ကြာမြင့်သည့်တိုင် ဂုဏ်ပြုချီးမြှင့်မှု မခံရသေးကြောင်း အောက်တိုဘာ ၁၀ ရက်က သတင်းထွက်ပေါ်ပျံ့နှံ့ခဲ့သည်။

သတင်းမှာ လူမှုကွန်ရက်ဖေ့ဘုတ်ခ်စာမျက်နှာနှင့် ဒေသခံများ၊ စိတ်ဝင်စားသူများအကြားတွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်ပြောဆိုမှုများလည်း မြင့်တက်ခဲ့သည်။

Advertisements
data-language="en"

အထက်ပါကျေးရွာမှ ဦးထွန်းရီ၏ ခြံဝင်းတွင် ၂၀၁၇ မတ်လ ၁၇ ရက်က ယင်းသို့ ရွှေပြား ၃၉၀ပြားကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်တွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြသခဲ့ကြောင်း၊ ယင်းမှတဆင့် မွန်ယဉ်ကျေးမှုပြတိုက်(မော်လမြိုင်)နှင့် နေပြည်တော်သို့ သွားရောက်ပြသရန် ညွှန်ကြားသောကြောင့် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော်ရှေးဟောင်းသုတေသနဌာနသို့ အပ်နှံခဲ့ကြောင်း သိရသည်။

တူးဖော်ရရှိသော ရွှေပြားများ၏ အလေးချိန်မှာ တစ်ပိဿာ တစ်ဆယ်ကျပ်သားရှိပြီး အချင်း နှစ်လက်မခန့်၊ ခွက်ပုံသဏ္ဍာန်၊ အလယ်တွင် အပေါက်ငယ်တစ်ပေါက်ပါရှိကြောင်း မွန်ယဉ်ကျေးမှုပြတိုက်(မော်လမြိုင်)မှတဆင့် သိရသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရွှေပြားတွေ့ရှိအပ်နှံခဲ့သူမှာ ယခု ခြောက်လကျော်အကြာ အောက်တိုဘာ ဒုတိယပတ်အထိ ဂုဏ်ပြုချီးမြှင့်ခံရခြင်း မရှိသေးကြောင်း အရှင်ပညာစက္ကအမည်ဖြင့် ဖေ့စ်ဘုတ်အသုံးပြုသူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်တမ်းဓာတ်ပုံများနှင့်အတူ ရေးသားဖော်ပြခဲ့ပြီး ပြန်လည်ဖြန့်ဝေသူနှင့် ဝေဖန်ပြောဆိုသူ အများအပြားရှိခဲ့သည်။

မော်လမြိုင်မြို့၊ မွန်ယဉ်ကျေးမှုပြတိုက်မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ယင်းကိစ္စတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယခြောက်လပတ်တွင် ခွင့်ပြုငွေ ပါရှိလျှင် ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျိုက္ကသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က “ကျွန်တော်တို့လည်း ပိုင်ရှှင်နဲ့ မတွေ့ရသေးဘူး။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ဆရာတော်တစ်ပါးတင်ထားတာ တွေ့တယ်။ ခုထိတော့ပိုက်ဆံမရသေးဘူး”ဟု ယင်းကိစ္စနှင့်ပတ်သက်၍ ပြောပြသည်။

ကာယကံရှင် ဦးထွန်းရီနှင့် တွေ့ဆုံမေးမြန်းရန် ဟင်္သာမီဒီယာက ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

Written by – ရွှေစင်

Leave a Reply