ရန်ကုန်၊ နိုဝင်ဘာ ၁၆။ ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့ ပူးပေါင်းစီစဉ်သော ဂုံးကျော်တံတား အနုပညာစီမံကိန်းကို မြေနီကုန်းတွင် စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းသိရှိရသည်။

konethathar

အဆိုပါစီမံကိန်းတွင် အပန်းဖြေနေရာများ၊ ကလေးကစားကွင်းနှင့် ကျန်းမာကြံ့ခိုင်ရေးပစ္စည်းများ ပါဝင်မည်ဖြစ်သည်ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနမှ ဒုတိယဌာနမှူး ဦးလှဝင်းအောင်ကပြောကြားသည်။

ယင်းစီမံကိန်းကို ပြင်သစ်သံရုံးနှင့် ပြင်သစ်ကုမ္ပဏီများ၏ထောက်ပံ့မှုဖြင့်တည်ဆောက်နေပြီဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

“ပြင်သစ်အနုပညာပွဲတော်ပေါ့ ဒီမှာလုပ်တာ အရုပ်ကြီးတွေလည်းပါတယ်ပြီးတော့ လမ်းဘေးပန်းချီခေါ်မလား အဲ့ဒါတွေလည်းပါတယ်”ဟု ၄င်းကဆက်လက်ပြောကြားသည်။

ယင်းအပြင် ရန်ကုန်တိုင်း ခရိုင်လေးခုတွင် လည်းဖော်ဖြေပွဲများပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြို့တော်ခမ်းမရှေ့တွင် စက်ကပ်ပွဲများပြုလုပ်သွားရန် စီစဉ်နေကြောင်း ၄င်းကပြောကြားသည်။

ယင်း စီမံကိန်းကို ယခုလာမည့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ကာ ပြင်သစ်အစားအစာများနှင့်ဧည့်ခံသွားမည်ဖြစ်ကြောင်းသိရှိရသည်။

Written by အောင်ကျော်ထွန်း

Leave a Reply