Advertisements

မော်လမြိုင် ၊ ဇွန် ၅

မြေနေရာသစ်တွေ့ရှိပါက တန်ဖိုးနည်း အိမ်ယာများ ထပ်မံတည်ဆောက်ရန် စဉ်းစားထားကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကပြောသည်။

“ကျွန်တော်တို့ မြေနေရာတွေ့ရှိရင် အဲ့ဒီအိမ်ယာအတွက် စဉ်းစားထားတာရှိတယ်။ ဝန်ကြီးချုပ်လည်း အိမ်ယာဆောက်ဖို့အတွက်ကို အများကြီး စဉ်းစားထားတယ်”ဟု ၎င်းကပြောသည်။

Advertisements
data-language="en"

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဇွန်လ ၄ ရက်နေ့က ပြုလုပ်သော မွန်ပြည်နယ်အစိုးရအဖွဲ့ တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် ပက်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိမ်ယာများ ထက်မံဆောက်လုပ်နိုင်ရန်အတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်နေဆဲဖြစ်ပြီး အဆင်ပြေခဲ့မည်ဆိုပါက အမြန်ဆုံးအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ ပြည်သူတွေအားလုံး အဆင့်မြင့်မြင့် နဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နိုင်ဖို့ အတွက် ပြည်နယ်အစိုးရ အနေနဲ့ စဉ်းစားနေတယ် ။ မြေနေရာ ရှိတာနဲ့ဆောက်လုပ်ဖို့ စဉ်းစားထားတယ်” ၎င်းကပြောသည်။

ယခုလက်ရှိ အချိန်တွင် သံဖြူဇရပ်မြို့နယ် တွင် တန်ဖိုးနည်းအိမ်ယာများ ဆောက်လုပ်ရန်စဉ်းစားထားပြီး ကျိုက်ထိုမြို့နယ်တွင်တည်ဆောက်ရန် လည်းစီစဉ်ထားကြောင်း မွန်ပြည်နယ် အစိုးရထံမှသိရှိရသည်။

လျှမ်းထက်

Leave a Reply