မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအစီရင်ခံစာအရမြေမြှုပ်မိုင်းအန္တရာယ်ရှိသည်ဟုယူဆရသော ပြည်နယ်များတွင် မွန်ပြည်နယ်ပါဝင်ကြောင်းCatholic Relief Services (CRS) အဖွဲ့မှ Project Officer ဦးနေမျိုးလင်းကပြောသည်။

logo-copy

လူမှုဝန်ထမ်းဦးစီးဌာနနှင့် CRS တို့ ပူးပေါင်းကာဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ကျင်းပသည့် မိုင်းအန္တရာယ် အသိပညာပေးသင်တန်းတွင် ၎င်းက ပြောဆိုခဲ့သည်။

အဆိုပါ ၂၀၁၅ အစီရင်ခံစာတွင် မော်လမြိုင်မြို့၊ ဘီးလင်းမြို့၊ သထုံမြို့နှင့် ရေးမြို့များမှာမြေမြှုပ်မိုင်းအန္တရာယ်ရှိသောနေရာများဖြစ်ကြောင်းဦးနေမျိုးလင်းကပြောသည်။

သင်တန်းတွင် မိုင်းကိုင်တွယ်ဖြေရှင်းရန်သင်ပြခြင်းမဟုတ်ဘဲ မိုင်းအန္တရာယ်မှ ကင်းရှင်းအောင် မည်သို့ပြုမူနေထိုင်မည်ကိုသင်ပြသွားမည် ဖြစ်သောကြောင့် သင်တန်းတက်ရောက်သူများအနေဖြင့် အန္တရာယ်ရှိသောနေရာများတွင် ဒေသခံများအား ပြန်လည်ရှင်းပြသွားမည်ဆိုပါကမိုင်းအန္တရာယ်များလျော့နည်းလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ သင်တန်းကိုဌာနဆိုင်ရာ၊ ပရဟိတဂေဟာ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်း၊ NGO၊ INGO၊လူမှုဝန်ထမ်းဦးစီးဌာနနှင့် Social Youth Volunteer အဖွဲတို့တက်ရောက်ခဲ့ကြောင်းသိရသည်။

ယင်းသင်တန်းကို ဇွန်လ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ ပြုလုပ်ခဲ့ဖြစ်ပြီးလူဦးရေ ၄၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်းလူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

Leave a Reply