မြောက်ကိုရီးယားခေါင်းဆောင် တရုတ်သို့ လေးရက်ခရီး

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် လေးရက်တာ အလည်အပတ်ခရီးစဉ်အတွက် ဇန်နဝါရီ ၈ ရက်တွင် ပေကျင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခုခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ၂၀၁၉ အစောပိုင်းကာလတွင် ကျင်းပရန် စီမံထားသော ထိပ်သီးအစည်းအဝေး၌ တရုတ်ပါ ပူးပေါင်း စေလိုသောကြောင့် ဖြစ်သည်။ ယင်းအစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန်နှင့် ကင်မ်တို့ တွေ့ဆုံမည်ဖြစ်သည်။

တရုတ်ရှိ ပေကျင်းဘူတာ တစ်လျှောက်တွင် လုံခြုံရေး တိုးမြှင့်ကြပ်မတ်ထားပြီး မြောက်ကိုရီးယားခေါင်းဆောင် ရောက်ရှိလာသည်နှင့် ကျည်ကာမှန်တပ် ယာဉ်တန်းရှည်ဖြင့် ထွက်ခွာသွားကြောင်း တရုတ်အခြေစိုက် နိုင်ငံတကာ သတင်းဌာနများက ဖော်ပြသည်။

ယာဉ်တန်းတွင် အစီး ၂၀မှ ၂၅ ခန့်ထိ ပါဝင်ပြီး ပေကျင်းမြို့လယ်တွင် လမ်းပိတ်ဆို့မှုများပင် ဖြစ်ပေါ်ခဲ့သည်ဆို၏။

မြောက်ကိုရီးယားနှင့် အမေရိကန် နှစ်ဖက်ခေါင်းဆောင်များ ဒုတိယအကြိမ်အဖြစ် ဗီယက်နမ်နိုင်ငံတွင် မကြာမီ တွေ့ဆုံလိမ့်မည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ကင်မ်ဂျုံအန်း တရုတ်သို့ သွားရောက်လည်ပတ်မည့်သတင်းကို ထုတ်ပြန်ခဲ့သည်။

ယခုခရီးစဉ်တွင် ကင်မ်နှင့်အတူ ဇနီး ရီဆိုဂျုးအပါအဝင် အဆင့်မြင့်အရာရှိများ လိုက်ပါသွားခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင်၏ ဖိတ်ကြားချက်ကြောင့် သွားရောက်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယားအမျိုးသား သတင်းဌာနက ထုတ်ပြန်သည်။ ခရီးစဉ်အတွင်း ဒေါင်ယွီထိုင်ပြည်နယ်ရှိ အထူးဧည့်ခန်းမဆောင်တွင် တည်းခိုမည် ဖြစ်သည်။

AMP

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.