ပြုံယမ်း၊ ဧပြီ ၂၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် လာမည့် အပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ဆွေးနွေး မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး မြောက်ကိုရီးယား နိုင်ငံတော်ပိုင်သတင်းဌာနကလည်း အဆိုပါသတင်းကို အတည်ပြုရေးသားခဲ့သည်။

သို့သော်သွားရောက်မည့် ရက်အတိအကျကိုမူ ဖော်ပြထားခြင်းမရှိပေ။

ကင်ဂျုံအန်းသည် ရုရှားသမ္မတနှင့် သီးသန့်တွေ့ဆုံဆွေးနွေးသွားမည်ြဖစ်ပြီး အထူးသဖြင့် နျူအရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ အရေးများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံသည် ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် တောင်ကိုရီးယားနိုင်ငံနှင့် အပြုသဘောဆောင်သည့် သံတမန်ဆက်ဆံရေးရှိခဲ့ပြီး နျူကလိယားလက်နက်ဖျက်သိမ်းရေးကိုေဆွးနွေးခဲ့ကြသည်။

တောင် မြောက်နှစ်နိုင်ငံကြားဆက်ဆံရေးေြပလည်လာသောအခါတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင်ကို အမေရိကန်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည်။

၂၀၁၉ခုနှစ် မတ်လ ပထမအပတ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်က အမေရိကန်နိုင်ငံကို အထူးရထားဖြင့် သွားကာ ကုန်သွယ်ရေး၊ သံတမန်ရေးများတွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော် အားရသည့် ရလာဒ်မဖြစ်ပေါ်ခဲ့ပေ။

ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားတို့ အပြန်အလှန်ဆက်စပ်လာပြီး သံတမန်အရေးတိုးတက်လာသည့်အပေါ် တွင် နိုင်ငံတကာအရေးစောင့်ကြည့်သူများက အမေရိကန်နိုင်ငံအတွက် စိုးရိမ်ဖွယ်ဖြစ်နေပြီဖြစ်ကြောင်း သုံးသပ်လျက်ရှိသည်။

သို့သော် အမေရိကန်နိုင်ငံအနေနှင့် တောင်ကိုရီးယားနိုင်ငံနှင့်သာ ကုန်သွယ်ရေး၊ စီးပွားရေးအဓိကထား ဆက်လက်လုပ်ဆောင်နေသဖြင့် တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံ အရေးအကွဲအပြဲများ ပြန်လည်ဖြစ်ပေါ်လာမည်လား၊ သို့မဟုတ် မြောက်ကိုရီးယားက ရုရှားနှင့်ပူးပေါင်းကာ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ပခုံးခြင်းယှဉ်လာမလားဟူ၍ လေ့လာသူများ အကြား မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။

လက်တစ်လော ကမ္ဘာတွင် ရုရှားနိုင်ငံသည် စစ်ရေးအရ အင်အားကြီးမားဆုံး နိုင်ငံကြီးစာရင်းဝင်နေခဲ့သြဖင့် မြောက်ကိုရီးယားနှင့်ပူးပေါင်းမှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ပျက်ပြားစေမလားဟူ၍ သုံးသပ်သူများလည်းရှိသည်။

မြောက်ကိုရီးယား ပြန်ကြားရေးဌာနကမူ ခေါင်းဆောင်ကင်၏ခရီးစဉ်တိုင်းသည် သံတမန်အရေးနှင့် စီးပွားရေးပူးပေါင်းမှုကိုသာ ရှေးရှုခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သည်။

Ref: Bangkok Post

Leave a Reply