Arrival of North Korea letter to the White House. (Official White House Photo by Shealah Craighead)

 

ပြုံယမ်း၊ ဇွန် ၁၄

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်သမ္မတထရန့်ထံ ပေးစာတစ်စောင်ကို ဇွန်လ ၁၁ရက်နေ့က ပေးပို့ခဲ့သည်။

ပေးစာလက်ခံရရှိခဲ့ကြောင်းကို အမေရိကန်သမ္မတထရန့်က ဇွန်လ ၁၃ရက်နေ့မနက်ပိုင်းတွင် မီဒီယာများကို အတည်ပြုခဲ့သည်။

သမ္မတထရန့်သည် Lowa သို့ မသွားမီ အိမ်ဖြူတော်သို့ သတင်းသမားများကိုဖိတ်ကြားပြီး ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းရင်း ထိုစာအကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပေးစာကို နှစ်လိုဖွယ်ကောင်းသည်ဟု ထုတ်ဖော်ပြောခဲ့ပြီး စာတွင်ပါသည့် အကြောင်းအရာ အသေးစိတ်ကို ထုတ်ပြောခဲ့ခြင်းမရှိပေ။

ထရမ့်က မြောက်ကိုရီးယားနိုင်ငံ၏ အလွန်အရေးပါပုံကို ထည့်သွင်းပြောကြားခဲ့သလို ၎င်းအနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်းကိုလည်း မီဒီယာနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထရမ့် နှင့် ၎င်း၏ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ယိုတို့သည် ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများသို ့ ဇွန်လ နှောင်းပိုင်းတွင် သွားရောက်ရန် စီစဉ်ထားသည်။

အဆိုပါ ခရီးစဉ်အတွင်း မဟာမိတ် နှစ်နိုင်ငံခေါင်းဆောင်များနှင့်အတူ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Morgan Ortagus က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများထားရှိနေစဉ်အတွင်းမှာပင် အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့်ဆွေးနွေးရန် တံခါးဖွင့်ထားဆဲဖြစ်ကြောင်းကိုလည်း Ortagus က အတည်ပြုပြောကြားခဲ့သည်။


ယခုကဲ့သို့ပေးစာပေးပို့ခြင်းသည် မြောက်ကိုရီးယား၏ အမေရိကန်အပေါ် ပူးပေါင်းလိုခြင်း ခြေလှမ်းအစဖြစ်ကြောင်း လေ့လာသူအချို့က ပြောသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၌ ယခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပြီး မည်သည့်သဘောတူညီချက်မျှ မရရှိခဲ့သော ထရမ့် နှင့် ကင်တို့၏ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးအပြီး ယင်းနောက်ပိုင်းတွင် အမေရိကန် နှင့် မြောက်ကိုရီးယားအကြား နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲများ ရပ်တန် ့နေခဲ့ကြောင်း သိရသည်။

Ref: CNN

Leave a Reply