မြောက်ကိုရီးယားခေါင်းဆောင် ယခုနှစ်အတွင်း တောင်ကိုရီးယားသို့ သွားရောက်နိုင်ခြေ ရှိ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unသည် လာမည့်သီတင်းပတ်အနည်းငယ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ လာရောက်နိုင်ခြေရှိနေသေးကြောင်း တောင်ကိုရီးယားသမ္မတ Moon Jae Inမှ ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

“ယခုနှစ်အတွင်း ဥက္ကဋ္ဌKim Jong Un ဆိုးလ်မြို့ကို လာရောက်နိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်အချိန်လာရောက်မလဲ ဆိုတာထက် အရေးကြီးတာတွေ ရှိပါတယ်” ဟု Moon Jae Inက နယူးဇီလန်နိုင်ငံ ခရီးစဉ်အတွင်း မှတ်ချက်ပေးပြောကြားခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံကြားမှ ဆက်ဆံရေးမှာ နွေးထွေးလာစဉ် ၂၀၁၈ခုနှစ်အတွင်း နှစ်ဖက် ထိပ်သီးခေါင်းဆောင်ချင်း သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။ လက်ရှိတွင် တောင်ကိုရီးယားသမ္မတသည် ယခုနှစ်မကုန်မီ ဆိုးလ် သို့ Kim Jong Un လာရောက်ရေးအတွက် မျှော်လင့်နေသည်။

ထို့ပြင် Kim Jong Un ၏ တောင်ကိုရီးယားခရီးစဉ်သည် အမေရိကန်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးကို တိုးတက်စေလိမ့်မည်ဟုလည်း တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကင်နှင့် သမ္မတဒေါ်နယ်ထရန့်တို့သည် ဇွန်လက စင်ကာပူ၌ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီးချိန်တွင် နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံရန် စီစဉ်နေကြသည်။

Reference-AFP

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.