Advertisements

ပြုံအမ်း ဇန်နဝါရီ

မြောက်ကိုရီးယားအစိုးရက ထိန်းချုပ်ထုတ်လွှင့်သော လိုင်းမှလွဲ၍ တောင်ကိုရီးယားမှ ထုတ်လွှင့်သော ရုပ်သံလိုင်းများ၊ ဒရာမာ ဇာတ်လမ်းတွဲများကို မကြည့်ရှုရဟူသော ဥပဒေပြဋ္ဌာန်းချက်ကို နှစ်နိုင်ငံချစ်ကြည်ရေး လုပ်ဆောင်နေသည့်တိုင် ဖြေလျှော့ပေးလိမ့်မည် မဟုတ်ကြောင်း အစိုးရကောင်စီ သတင်းဌာနက ဇန်နဝါရီ ၂၉ရက်တွင် ထုတ်ပြန်ကြေညာသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး လုပ်ဆောင်ကာ နှစ်ဖက်ခေါင်းဆောင်တို့၏ တွေ့ဆုံကြပုံများကို ပြည်နယ်သတင်းမီဒီယာများတွင် အမြဲထုတ်လွှင့်လျက်ရှိနေသည်။ သို့သော်လည်း ထိုသို့ ချစ်ကြည်ရေးများလုပ်ဆောင်နေခြင်းကြောင့်မူ ယခင်ကန့်သတ်ချက်ကို ဆက်လက် ပြဋ္ဌာန်းထားမည်ဖြစ်သည်။

Advertisements
data-language="en"

မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးအနေဖြင့် ထိုသို့ တစ်ဖက်နိုင်ငံမှ ထုတ်လွှင့်သော ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုမိမည်ဆိုပါက ကြီးလေးသည့်အပြစ်ဖြစ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ်သော်လည်းကောင်း သေဒဏ်သော်လည်းကောင်း ကျခံရမည်ဖြစ်သည်။

အပြည့်အစုံဖတ်ရန်==>> http://bit.ly/2sT3SI7

တောင်ကိုရီးယားမှ ပစ္စည်းများ မြောက်ကိုရီးယားသို့ ဝင်ရောက်လာမှုကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း လုံးဝ ဝင်ရောက်မလာစေရန်မူ ဟန့်တားနိုင်ခြင်း မရှိတော့ပေ။ တောင်ကိုရီးယားနိုင်ငံမှ ရုပ်သံစီးရီးများ၊ တီဗီဒရာမာဇာတ်လမ်းများကို မြောက်ကိုရီးယား မှောင်ခိုဈေးကွက်တွင်လည်းကောင်း၊ တောင်ကိုရီးယားဘက်မှ လွှတ်တင်လိုက်သော မိုးပျံပူဖေါင်းများမှတဆင့်လည်းကောင်း လက်ခံရရှိနိုင်သည်။

နှစ်နိုင်ငံနယ်စပ်ဒေသအချို့တွင်လည်း လိုင်းများကို ချိန်ညှိကာ တောင်ကိုရီးယားမှ ထုတ်လွှင့်သော ရုပ်သံလိုင်းများဖမ်းယူကြည့်ရှု၍ ရနိုင်သည်။ သို့သော် ထိုသို့ ကြည့်ရှုနေခြင်းများကို ဖမ်းဆီးရမိပါက အရာရှိများပင် ဖြစ်စေကာမူ အပြစ်ပေးခံရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက တောင်ကိုရီးယား ဒရာမာ ဇာတ်လမ်းရုပ်သံ ကြည့်ရှုမိသော မြောက်ကိုရီးယားအရာရှိ ဆယ်ဦးကို အာဏာပိုင်တို့က ခေါင်းဖြတ်သတ်စေကာ တစ်မြို့လုံး သိမြင်စေရန် နမူနာအဖြစ် ပြသထားမှုဖြစ်စဉ် ရှိခဲ့ဖူးသည်။

CNA

Leave a Reply