ကုလသမဂ္ဂ မတ်
မတ်လ ၁ရက်နေ့က ကျင်းပသော လုံခြုံရေးကောင်စီအစည်းအဝေးအရ မြောက်ကိုရီးယားနိုင်ငံကို စီးပွားရေးဆိုင်ရာပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုင်ရာ ပြင်သစ်နှင့် ဂျာမနီ အထူး ကိုယ်စားလှယ်များက မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ပြင်ဆင်လျှော့ချရန် လိုအပ်မှုမရှိပါ ကြောင်း မတ် ၁ ရက်က ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစည်းအဝေးပွဲတစ်ရပ် ကျင်းပ နိုင်ရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ အနည်းဆုံး ကိုးနိုင်ငံက သဘော တူညီမှသာ ကျင်းပနိုင်သည်။
အနာဂတ်တစ်ချိန်တွင် ယင်းကဲ့သို့သော အစည်းအဝေးပွဲကို မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပနိုင်ရန် ဖြစ်နိုင် ဖွယ်မရှိသေးကြောင်းနှင့် တရုတ်နှင့် ရုရှားနိုင်ငံတို့အပါအဝင် လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က သဘောတူညီမှုမရှိကြောင်း ပြင်သစ် သံအမတ်ကြီး ဖရန်ကိုစစ် ဒီလာတေးက ထောက်ပြခဲ့ကြောင်း သိရ သည်။
ဂျာမနီနိုင်ငံသံအမတ်ကြီး ခရစ်စတိုဟူဆန်နှင့် ပြင်သစ်နိုင်ငံ သံအမတ်ကြီး ဖရန်ကိုစစ် ဒီလာတေးတို့က လုံခြုံရေးကောင်စီအစည်းအဝေးပွဲတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဂျာမနီသံအမတ်ကြီး ခရစ်စတို ဟူဆန်နှင့် ပြင်သစ်သံအမတ်ကြီး ဖရန်ကိုစစ် ဒီလာတေးတို့က အမေရိကန်-မြောက်ကိုရီးယား ဒုတိယ အကြိမ် ထိပ်သီးအစည်းအဝေးပွဲနှင့်ပတ်သက်ပြီး မြောက်ကိုရီးယား နိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည် ဖြေလျှော့ပြင်ဆင်ရန် မလိုအပ်ပါကြောင်း ထင်မြင်ချက်ပေးခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် လွန်ခဲ့သောနှစ်က လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးပွဲတစ်ရပ် ကျင်းပရန်စီစဉ်ထားရှိ မှုကို ပြုံယမ်း၏ကူညီထောက်ပံ့မှု လျော့နည်းမှုကြောင့် ဖျက်သိမ်းခဲ့ရ သည်။
NHK