ဝါရှင်တန် မေ

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးပျံ ပစ်လွှတ်ခဲ့သည့် အပြုအမူများကို ကောင်းစွာ သိရှိကြောင်းနှင့် အခြေအနေအပေါ် ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ဆာရာဆန်းဒါးစ် (Sarah Sanders) က ပြောသည်။

“ဒီကနေ့ည မြောက်ကိုရီးယားရဲ့ ပြုမူမှုတွေကို ကျွန်မတို့ သတိပြုမိပါတယ်။ လိုအပ်ပါက ကျွန်မတို့ ဆက်လက် စောင့်ကြည့်သွားမှာပါ”ဟု မေလ ၃ ရက်ညပိုင်းတွင် ဆိုသည်။

မြောက်ကိုရီးယားက မေလ ၄ ရက် ၌ တာတိုဒုံးပျံ စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ခဲ့ပြီး ပစ်လွှတ်ခဲ့သည့် ဒုံးပျံ အမျိုးအစားကို မသိရှိရသေးကြောင်း ယင်းလုပ်ရပ်အပြီးတွင် တောင်ကိုရီးယားနိုင်ငံက ထုတ်ပြန် ကြေညာခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မေလ ၄ ရက် ဒေသစံတော်ချိန် ၉ နာရီ ၆ မိနစ် မှ ၂၇ မိနစ် အထိ Wonsan ဒေသ မှ အရှေ့မြောက်ဘက်သို့ အမျိုးအစားမသိ ဒုံးပျံများ ပစ်လွှတ်ခဲ့ကြောင်း၊ ဒုံးပျံများက ကီလိုမီတာ ၇၀ မှ ၂၀၀ ခန့်အထိ ပျံသန်းခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ Yonhap News Agency ၏ ဖော်ပြချက်အရ သိရှိရသည်။

အဆိုပါအခြေအနေကို အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထံ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် (John Bolton) က အကြမ်းဖျဉ်းတင်ပြခဲ့ကြောင်း အမေရိကန် မီဒီယာ ရေးသားချက်အရ သိရသည်။

မြောက်ကိုရီးယားနိုင်ငံက အရှေ့ပိုင်းကမ်းရိုးတန်းတွင် အမျိုးအမည်မသိသော တာတိုပစ်လက်နက် ပစ်ခတ်ခဲ့ကြောင်း ယင်းနေ့တွင်ပင် တောင်ကိုရီးယားနိုင်ငံ၏ တွဲဖက် ကာကွယ်ရေးဦးစီးချုပ်က ကြေညာချက်တွင် ပြောကြားထားသည်။

အဆိုပါ အခြေအနေကို အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထံ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် (John Bolton) က အကြမ်းဖျဉ်းတင်ပြခဲ့ကြောင်း အမေရိကန် မီဒီယာ ရေးသားချက်အရ သိရသည်။

တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာမှလည်း မြောက်ကိုရီးယား ဆက်လက်ဆောင်ရွက်နိုင်ဖွယ် ရှိသော ဒုံးပျံစမ်းသပ်မှု အပေါ် စောင့်ကြည့်တိုင်းတာမှု နှင့် ကာကွယ်မှု များ ကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ၊ ပစ်လွှတ်ခဲ့သည့် ဒုံးပျံ အမျိုးအစားနှင့်ပတ်သက်၍ အချက်အလက်များ ပိုမို ရရှိအောင် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့က လက်ရှိအချိန်တွင် သုံးသပ်နေကြပြီး ပြင်ဆင်မှုများလည်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

Ref: Bangkok Post

Leave a Reply