အလင်းဝင်ရောက်လာသူများသည် M16 (၃)လက်၊ HK (၂)လက်၊ ကာဘိုင်(၂)လက်၊ M40 (၁)လက်တို့အား အပ်နှံ၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂

မြောက်ပိုင်းမဟာမိတ်အဖွဲ့(AA၊ MNDAA၊ TNLA၊ KIA)အား DKBA ခွဲထွက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောဆန်းအောင်က စစ်ကူခိုင်းသဖြင့် DKBA ခွဲထွက်အဖွဲ့မှ စစ်ကြောင်းမှူးတစ်ဦး အပါအဝင်(၇)ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း DKBA ခွဲထွက်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးကျော်သီဟက ဟင်္သာမီဒီယာသို့ပြောသည်။

ဒီဇင်ဘာလ(၁)ရက်နေ့တွင် အဆိုပါတပ်ဖွဲ့ဝင်များအလင်းဝင်ရောက်မှုနှင့် ပက်သက်၍ မြဝတီမြို့တွင် အလင်းဝင်အခမ်းအနားတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အလင်းဝင်ရောက်လာသူများသည် M16 (၃)လက်၊ HK (၂)လက်၊ ကာဘိုင်(၂)လက်၊ M40 (၁)လက်တို့အား အပ်နှံ၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အလင်းဝင်ရောက်လာသူများသည် M16 (၃)လက်၊ HK (၂)လက်၊ ကာဘိုင်(၂)လက်၊ M40 (၁)လက်တို့အား အပ်နှံ၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ Photo- Kyaw Thiha

“ရှမ်းမြောက်ဘက်မှာ စစ်ကူသွားပေးဖို့အကွက်တွေ လုပ်လာတော့ အလင်းဝင်တဲ့ ကိုဝင်းဇော်လေးတို့က ငါတို့ကကြေးစားစစ်သားမဟုတ်ဘူး။ ငါတို့ပြည်နယ်ကို ငါတို့ကာကွယ်မယ် ငါတို့ပြည်နယ်ဖွံ့ဖြိုးတိုးတတ် အောင်လုပ်ချင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့သူတို့က ခွဲပြီးတော့ဝင်လာတယ်” ဟု ၎င်းကဆက်ပြောသည်။

အလင်းဝင်ရောက်လာသူများသည် M16 (၃)လက်၊ HK (၂)လက်၊ ကာဘိုင်(၂)လက်၊ M40 (၁)လက်တို့အား အပ်နှံ၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အလင်းဝင်ရောက်လာသည့် DKBA ခွဲထွက်တပ်ဖွဲ့ဝင်များကို မြဝတီမြို့နယ် တပ်မတော်ရှေ့တန်းစခန်းရုံးတွင် ယာယီနေရာချထားပေးကြောင်းသိရသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ကချင်(KIA)၊ တအောင်း(TNLA)၊ ကိုးကန့်( MNDAA) နှင့် ရခိုင်(AA) လက်နက်ကိုင်အဖွဲ့များနှင့် DKBA ခွဲထွက်အဖွဲ့တို့ ဒီဇင်ဘာလအတွင်း မိုင်းလားဒေသတွင် တွေ့ဆုံခဲ့ကြသည်။

Leave a Reply