မြောက်အမေရိကမှာ အရှုံးပေါ်လုနီးပါး ရောင်းအားကျခဲ့တဲ့ Nike ကုမ္ပဏီ

ဝါရှင်တန် မတ် ၂၂

နာမည်ကျော် ထုတ်ကုန်တွေနဲ့ အောင်မြင်နေတဲ့ Nike ကုမ္ပဏီဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း မြောက်အမေရိကကို တင်ပို့ခဲ့တဲ့ ဖိနပ်ထုတ်ကုန်သစ်တွေနဲ့ပတ်သက်ပြီး  မျှော်မှန်းထားသလောက် အောင်မြင်တဲ့ ရလဒ်မရခဲ့ဘူးလို့ ကုမ္ပဏီဘက်က ကြေညာပါတယ်။

ထုတ်ပြန်ချက်အရ Nikeကနေထုတ်တဲ့ ဖိနပ်ထုတ်ကုန်အသစ်တွေဟာ မြောက်အမေရိကမှာ ဝယ်ယူသူနည်းခဲ့ပြီး အခြား နာမည်ကျော် တံဆိပ်ဖြစ်တဲ့ Converse ကို မယှဉ်နိုင်ခဲ့ပဲ ရောင်းအားပျက်ကျခဲ့တယ် လို့သိရပါတယ်။

အမေရိကနိုင်ငံမှာသာမက ကမ္ဘာပေါ်မှာပါ နာမည်တစ်ခု နဲ့ရပ်တည်နေတဲ့ Nike တံဆိပ်ပါ ဖိနပ်တွေနဲ့ အဝတ်အစားတွေကို သာမာန်အရပ်သားတွေသာမက၊ နာမည်ကျော်သရုပ်ဆောင်တွေ၊ အစိုးရအရာရှိပိုင်းတွေ အထိ အရေးတယူဝတ်ဆင်နေချိန်မှာ မြောက်အမေရိကရဲ့ ရောင်းအားအခြေအနေကြောင့် စိတ်ဒုက္ခရောက်ခဲ့တယ်လို့ ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တမ်းပြုလုပ်ချက်တွေအရ မြောက်အမေရိကကို တင်ပို့ကုန်တွေကို ရောင်းအား ၈၀ရာခိုင်နှုန်းကျော်အထိရဖို့ မျှော်လင့်ထားပေမဲ့ ၄ရာခိုင်နှုန်းသာရှိခဲ့ပြီး စတော့ရှယ်ယာတွေရဲ့ ဈေးဟာလည်း ၈၈ဒသမဝ၁ အထိ ကျခဲ့တယ် လို့ ဆိုပါတယ်။

ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းဟာ ကမ္ဘာတစ်ဝှန်းမှာ အောင်မြင်နေပေမဲ့ မြောက်အမေရိကမှာ ဖြစ်ခဲ့တဲ့ ရလာဒ်ကြောင့် ဈေးကွက်အခြေအနေကို လျင်လျင်မြန်မြန် ပြန်လည်ထိန်းချုပ်ဖို့ လိုအပ်နေပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ဈေးကွက်ကို ပြန်လည်မြှင့်တင်မဲ့အခြေအနေဖြစ်အောင်ဆောင်ရွက်နေပြီး၊ တရုတ်ကိုလည်း ဈေးကွက်ချဲ့ထွင်သွားဖို့ လုပ်ဆောင်နေပါတယ် လို့ Nike ရဲ့ စီအီးအို မက်စ်ဘာကာက ပြောပါတယ်။

မြောက်အမေရိကဈေးကွက်ရဲ့ အခြေအနေကိုစိတ်ပျက်မိပေမဲ့ တရုတ်မှာ ၂၀၁၈ခုနှစ်က စတင်ခဲ့တဲ့ ဈေးကွက်ဖြန့်ကျက်မှုမှ ၉၀ ရာခိုင်နှုန်းကျော် ရောင်းအားတက်ခဲ့တာကြောင့် ကာမိခဲ့တယ်လို့ ဆိုပါတယ်။

မြောက်အမေရိကမှာဖြစ်ခဲ့တဲ့အြေခအနေကိုတော့ လုံးဝစိတ်ပျက်ပြီး အလားတူအနေအထားမျိုးထပ်မဖြစ်အောင် စိန်ခေါ်ပြီး လုပ်ဆောင်သွားမယ်လို့ မက်စ်က ပြောပါတယ်။

CNBC

==

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.