မြောက်ဦး၊ အောင်တိုဘာ(၃)ရက်။

ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမူ ပညာပေးရေးနှင့်ပူးပေါင်းဆောင်ရွက်မှု သင်တန်းကို မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီဌာန ရုံးခန်းတွင် အောက်တိုဘာ(၂) ရက်မှ  (၄)ရက်အထိ ပြုလုပ်ကာ ဒေသခံ (၅၀)ဦးခန့်ကို သင်တန်းပေးနေကြောင်း သိရသည်။

အဆိုပါသင်တန်းသည် မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမူအမွေအနှစ်စာရင်းတင်သွင်းခြင်းဆိုင်ရာ လုပ်ငန်း စဉ်တွင် ပါဝင်နေကြောင်း သိရသည်။

”လောလောဆယ် လူထုပညာပေးရေးအတွက် သန့်ရှင်းရေး၊ ယဉ်ကျေးမူအမွေအနှစ်များ ထိန်းသိမ်းရေး (၂) ခု အတွက် သင်းတန်းကို ရှေးသုရုံးမှာပဲ လုပ်နေတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ၊ လူမူအဖွဲ့အစည်းတွေ၊ စည်ပင် နှင့် ရှေးသုက နယ်မြေတာဝန်ခံတွေ အဖွဲ့ခွဲပြီး သင်တန်းပေးနေကြတယ်။ လူ ၅၀ သင်တန်းတက်ကြတယ်။ သူတို့က ရွာတွေကို ဆင့်ပွားပညာပေးကြမယ်။” ဟု မြောက်ဦးယဉ်ကျေးမူအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒု ဥက္ကဌ ဦးသန်းမြင့်ကပြောသည်။

မြောက်ဦးဒေသကို ကမ္ဘာအမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်လျှက်ရှိနေပြီး သမိုင်းပညာရှင်များပါဝင်သည့် လုပ်ငန်းစဉ်များကို အဆင့်ဆင့် ချမှတ်ထားကာ ယူနက်စ်ကိုဝင်ရေး လုပ်ငန်းစဉ်မှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ အထိ အနည်းဆုံး (၃)နှစ်ခန့်ကြာမည် ဖြစ်ကြောင်း မြောက်ဦးရှေးဟောင်သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

”UNSCO ဝင်ဖို့အတွက် ပုံမှန်အတိုင်း ဆောင်ရွက်နေပါတယ်။ အစည်းအဝေးကြီးက (၂)ကြိမ်၊ ပြည်သူလူထု ဟောပြောစည်းရုံးပွဲက ပထမတစ်ကြိမ်တော့ လုပ်ပြီးပြီး။ အခုက အောက်တိုဘာ၂ရက်နေ့ကနေ ၄ရက်နေ့အထိ ဒုတိယအကြိမ်လုပ်နေတယ်။”ဟု မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးညိမ်းလွင် ကပြောသည်။

မြောက်ဦးမြို့ဟောင်း၏ ရေသွင်းရေထုတ်စနစ်နှင့် တောင်တန်းများကို အခြေပြုပြီး တည်ဆောက်ထားသည့် ခံတပ်မြို့အဖြစ်တည်ဆောက်မှု အပါအဝင် မြောက်ဦးနန်းတော် မြို့ရိုးအထပ်ထပ်တို့ကို ယူနစ်စကိုသို့ ပေးပို့ ရာတွင် ထည့်သွင်းရေးဆွဲရန် သမိုင်းပညာရှင်များက အကြံပြုထားကြောင်း သိရသည်။

မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန်သည် အေဒီ(၁၄၃၀)ခုနှစ်တွင် စတင်ကာ ခံတပ်မြို့အဖြစ် တည်ဆောက်ခဲ့ပြီး မင်းဗာဘုရင်က ကြီးကျယ်ခမ်းနားအောင် သဲကျောက်များဖြင့် အခိုင်အမာ ထပ်မံတည် ဆောက်ခဲ့ကြောင်း သိရသည်။

Written by – MMK

Leave a Reply