Advertisements

အိန္ဒိယရှိ မွတ်ဆလင် အမျိုးသမီးများမှာ ဘယ်အချိန်မှာများ မိမိ၏ အိမ်ထောင်ဘက်အိမ် ကနေ နှင်ထုတ်ခံရမလဲဆိုသော စိုးရိမ်မှုဖြင့် နေထိုင်နေရသည်။ အဘယ့်ကြောင့် ဆိုသော် မွတ်ဆလင် အမျိုးသားတစ်ယောက်က ဇနီးဖြစ် သူကို ကွာရှင်းလိုလျှင် ‘တလက်’ (ကွာရှင်းပြီ) ဆိုသော စကားကို သုံးကြိမ်ပြောရုံမျှဖြင့် ဇနီး ဖြစ်သူကို ကွာရှင်းခွင့်ရှိသောကြောင့်ဖြစ်သည်။

အိန္ဒိယတွင် ‘တလက်’ သုံးကြိမ် ပြောရုံနှင့် တစ်ဖက်သတ် ကွာရှင်းလို့ ရသည့်စနစ်ကို တိုက် ဖျက်ရန် ကြိုးပမ်းလာသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီ။
သို့သော် ပြီးခဲ့သည့်နှစ်က ကလေးနှစ်ဦး၏ မိခင်တစ်ဦးဖြစ်သူ အသက် ၃၅နှစ်အရွယ် ရှယ ရဘာနိုက ယင်းကဲ့သို့ ကွာရှင်းခံရခြင်းအတွက် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာမှ ထိုလှုပ် ရှားမှုက ပို၍ အရှိန်ရလာခဲ့သည်။

၂၀၁၆ ဖေဖော်ဝါရီလက တရားရုံးသို့ လျှောက်ထားခဲ့သော ရှယရဘာနို၏ လျှောက် ထားချက်ထဲတွင် ၎င်းသည် ဆေးကုသမှုခံယူရန် အတွက် ဥတ္တရခမ်း မြောက်ပိုင်းပြည်နယ်ရှိမိဘ များထံသွားရောက်စဉ်တွင် ခင်ပွန်းဖြစ်သူထံမှ ကွာရှင်းကြောင်းစာကို ရရှိခဲ့သည်ဟု ဆို သည်။
အလာဟဘက်မြို့ရှိ ခင်ပွန်းဖြစ်သူနှင့် တွေ့ ဆုံခွင့်ရရန် ၁၅ နှစ်တိတိ ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့သကဲ့သို့ ကလေးများနှင့်လည်း တွေ့ဆုံခွင့်မရခဲ့ပေ။

တရားရုံးသို့ လျှောက်ထားချက်ထဲတွင် အဆိုပါ ဓလေ့သည် မွတ်လဆင်အမျိုးသားများက မိမိတို့၏ ဇနီးများကို ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှု သဖွယ်သဘောထားခွင့် ပေးနေခြင်းနှင့်တူ နေ သောကြောင့် ယင်းဓလေ့အား ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။
ထို့အပြင် ဟာလာလာဓလေ့ (ကွာရှင်းခံရ သော အမျိုးသမီးသည် မိမိ၏ ခင်ပွန်းနှင့် ပြန် လည် ပေါင်းသင်းခွင့်ရရန် အခြား အမျိုးသား တစ်ဦးနှင့် အိမ်ထောင်ပြု၊ ပေါင်းသင်းရသည့် ဓလေ့) နှင့် မယားလေးယောက်အထိ ယူခွင့်ပြု သည့် စနစ်တို့ကိုု ပယ်ဖျက်ပေးရန် တိုင်ကြားခဲ့ သည်။
အစ္စလာမ်ဘာသာထဲက ကွာရှင်းသည့် ဓလေ့အစ္စလာမ် ပညာရှင်များကတော့ ကွာရှင်း ခြင်းနှင့် ပတ်သက်၍ ကိုရန်ကျမ်းထဲတွင် အတိ အလင်းဖော်ပြထားကြောင်း၊ ကွာရှင်းမည့်ကိစ္စကို သုံးလ သတင်းလွှင့်ရမည်ဖြစ်ကာ ထိုအတော အတွင်း နှစ်ဦးနှစ်ဖက် ပြန်လည် စဉ်းစားသုံးသပ် ရမည်ဟု ဖော်ပြထားကြောင်း ပြောကြသည်။

သို့သော် နှစ်ရာစုနှစ်များစွာပင် “တလက်” သုံးကြိမ်ပြော၍ ကွာရှင်းသည့် ဓလေ့သည် (တလက်အီဘီဒက်ဟုလည်းခေါ်သည်) ဘာသာ ရေး ဆရာများကိုယ်တိုင် အသိအမှတ်ပြုလျက် အိန္ဒိယ၌ အမြစ်တွယ် ကျင့်သုံးခဲ့သည်။
ဘီဒက်ဆိုသည်မှာ ပါရှန်း ဘာသာဖြစ်ပြီး အပြစ်ဟု အဓိပ္ပာယ်ရကာ မွတ်ဆလင်အမျိုး သားများအနေဖြင့် မိမိဇနီးကို ကွာရှင်းလိုလျှင် ‘တလက် တလက် တလက်’ ဟု ပြောရုံဖြင့် ကွာ ရှင်းခွင့် ရစေမည်ဖြစ်သည်။

ခေတ်သစ် နည်းပညာများကြောင့် မွတ် ဆလင် အမျိုးသာများသည် မိမိဇနီးသည်များကို ဖုန်း၊ အီးမေးလ်၊ စာတို့ပို့ခြင်းတို့ဖြင့် တလက် သုံးကြိမ်ပြောကာ ကွာရှင်းလာကြ သောကြောင့် ယနေ့ခေတ်တွင် အဆိုပါဓလေ့ကျင့်သုံးမှုက ပို လွယ်လာကြောင်း လှုပ်ရှားသူများက ဆိုသည်။ ထို့အပြင် Skype၊ WhatsApp၊ Facebook တို့ကို သုံး၍လည်း ကွာရှင်းတတ်ကြသေးသည်ဟု ဆိုသည်။
ထိုဓလေ့ကို ကိုရန်ကျမ်းထဲတွင် ဖော်ပြ ထားခြင်းမရှိသကဲ့သို့ ပါကစ္စတန်နှင့် ဘင်္ဂလား ဒေ့ရှ်တို့အပါအဝင် အစ္စလာမ်နိုင်ငံ ၂၂ နိုင်ငံတွင် လည်း ယင်းဓလေ့ကို ပိတ်ပင်ထားပြီးဖြစ်သည်။

နှစ်ပေါင်းများစွာပင် မွတ်စလင် အမျိုးသမီး ပေါင်းများစွာသည် တလက် သုံးကြိမ်ခေါ်ကာ ကွာရှင်းသည့် ဓလေ့ပယ်ဖျက်ရန် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ကြဖူးသည်။ သို့ဆိုလျှင် ရှယရ ဘာနို၏ အမှုက ဘာများထူးခြား၍ အဆုံး အဖြတ်ပေးသည့် အမှုလို ဖြစ်သွားရသနည်း။
‘ဒီအမှုက မွတ်ဆလင် အမျိုးသမီးတစ် ယောက် အနေနဲ့ သူ့အခြေခံရပိုင်ခွင့် ချိုးဖောက်ခံ ရတဲ့ဘက်ကနေ သူ့ရဲ့ ကွာရှင်းခံရမှုကို တရား ရင်ဆိုင်တဲ့ ပထမဆုံးသော အမှုဖြစ်လို့ပါ’ ဟု ဘာနို၏ရှေ့နေ ဘလာဂျီဆရီနီဝဆန်ကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသော အဆိုပါ ရပိုင်ခွင့်များ၊ အခွင့်အရေးများမှာ အိန္ဒိယဒီမိုကရေစီ၏ ကျောရိုးသဖွယ် ဖြစ်နေပြီး ထိုအခွင့်အရေးများကို ချိုးဖောက်ပိုင်ခွင့် မရှိပေ။ ချိုးဖောက်ခံရပါက တရားဥပဒေ၏ အကာအ ကွယ်ကို ယူခွင့်ရှိသည်။

‘ဘာသာရေးဆရာတွေက သူ့ကို ပြော တယ်။ ‘နင့်ကိုးကွယ်တဲ့ ဘာသာကြောင့် နင့်မှာ အခြေခံ ရပိုင်ခွင့် အခွင့်အရေးတွေ မရှိဘူး’ တဲ့။ အဲဒီတော့ အိန္ဒိယမှာ ကိုယ်ဟာ ဟိန္ဒူအမျိုးသမီး၊ ခရစ်ယာန်အမျိုးသမီး၊ ဒါမဟုတ်ရင် တခြား ဘာသာ တစ်ခုခုကို ကိုးကွယ်တဲ့ အမျိုးသမီးဆိုရင် ပြဿနာမရှိဘူး။ ဒါပေမယ့် မွတ်ဆလင် အမျိုး သမီးဆိုရင်တော့ ဘာအခြေခံအခွင့်အရေးမှ မရ ဘူးတဲ့။ ဒီတော့ ရှယရဘာနိုက သူရဲ့ တန်းတူညီမျှ မှုအခွင့်အရေးတွေ ချိုးဖောက် ခံရတယ်ဆိုပြီး တရားရုံးကို တက်တယ်။ ထိပ်ဆုံး တရားရုံးက သူ့အမှုကို လက်ခံလိုက်တယ်” ဟု မစ္စတာ ဆရီ နီဝဆန်က ပြောသည်။

‘အရင်တုန်းက တခြားလူတွေ ဘာကြောင့် များ ဒီလို မတွေးမိပါလိမ့်လို့တောင် တွေးမိသေး။ ဒီစိတ်ကူးပေါ်ဖို့ အချိန်ကျလာလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့’ ဟု သူက ဆိုသည်။

ဤအလေ့အထကို တိုက်ဖျက်ရေးတွင် BMMA ခေါ် အိန္ဒိယ မွတ်ဆလင်အမျိုးသမီးထု လှုပ်ရှားမှုအဖွဲ့၏ လုပ်ဆောင်ချက် များကလည်း များစွာ အထောက်အပံ့ဖြစ်သည်။

‘ဒါဟာ ဘာသာရေးအရ ယောကျ်ားတွေ ကြီးစိုးတာပါပဲ။ အလ္လာအရှင်က ကျွန်မတို့ကို ပေးထားတဲ့ အခွင့်အရေးတွေကို ဖယ်ပစ်ဖို့ ဥပဒေပြုအဖွဲ့ကို ဘယ်သူက အခွင့်ပေးခဲ့သလဲ’ဟု BMMA တည်ထောင်သူတစ်ဦးဖြစ်သော ဇာကီ ယာဆိုမန်က ဆိုသည်။

၂၀၀၇ ခုနှစ်မှစကာ အဆိုပါ အဖွဲ့သည် “တလက်”ခေါ်၍ ကွာရှင်းခံရသော အမျိုးသမီး များနှင့် မယားသုံးလေးယောက် ယူထားသူများ စာ ရင်းကို ပြုစုခဲ့သည်။
‘ကျွန်မတို့က အမျိုးသမီးပေါင်း ၄၇၁၀ ကို ဆာဗေး ကောက်ခဲ့တယ်။ အဲဒီထဲမှာ ၅၂၅ ယောက်က ကွာရှင်းထားတယ်။ အဲဒီ အထဲမှာမှ ၄၁၄ ယောက်က”တလက်” သုံးကြိမ်ခေါ်ပြီး ကွာ ရှင်းခံထားရတာ။ ရာခိုင်နှုန်းအရဆိုရင် ၇၈ ရာ ခိုင်နှုန်းတောင် “တလက်”ခေါ်ပြီး ကွာရှင်းခံထားရ တာ’ ဟု မစ္စ ဆိုမန်က ပြောသည်။

အဆိုပါအဖွဲ့သည် ခင်ပွန်းဖြစ်သူ၏ ကွာ ရှင်း စွန့်ပစ်ခံရမှုကြောင့် သွားစရာမြေ မရှိသော အမျိုးသမီးများ၏ ဖြစ်ရပ်ပေါင်း တစ်ရာကို မှတ် တမ်းတင်ခဲ့သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အများပြည်သူ ကြားနာပွဲ ပြုလုပ်ခဲ့ရာ နိုင်ငံတစ်ဝန်းမှ အမျိုးသမီးပေါင်း ၅၀၀ တက်ရောက်ခဲ့သည်။
သူတို့သည် ဝန်ကြီးချုပ်၊ တရားရေးဝန်ကြီး၊ လူနည်းစုများအခွင့်အရေးဝန်ကြီး၊ အမျိုးသမီး များနှင့် ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး တို့ထံ စာရေးသား ပေးပို့ခဲ့ကြသည်။

ထို့အပြင်”တလက်”သုံးကြိမ်ခေါ်၍ ကွာရှင်း ခွင့်ပေးထားသည့် ဓလေ့ကို ပယ်ဖျက်ပေးရန် လက်မှတ် ငါးသောင်းစု၍ တောင်းဆိုခဲ့သည်။
ရှာယရဘာနို၏ လျှောက်ထားမှုကို တရား ရုံးတင်ခဲ့ပြီး နှစ်လအကြာတွင် အခြားအမျိုးသမီး တစ်ဦးဖြစ်သူ အားဖရီး ရာမန်ကလည်း ၎င်း၏ ကွာရှင်းမှုကို တရားရုံးချုပ်သို့ ဦးတိုက်လျှောက် ထားခဲ့သည်။ ထို့နောက်များတွင် အခြားသော အမျိုးသမီးသုံးဦးနှင့် BMMA အပါအဝင် အမျိုး သမီး အဖွဲ့အစည်းနှစ်ခုကလည်း ယင်းကဲ့သို့သော အမှုများကို ထိပ်ဆုံးတရားရုံးသို့ လျှောက်ထားခဲ့ သည်။

အဆိုပါအမှုများကိုစုပေါင်း၍ ဟိန္ဒူဘာသာ ဝင်တစ်ဦး၊ ဆစ်ခ်ဘာသာဝင်တစ်ဦး၊ ခရစ်ယာန် ဘာသာဝင်တစ်ဦး၊ ဇိုရိုဘာသာဝင်တစ်ဦး၊ မွတ် စလင်တစ်ဦး စုစုပေါင်း တရားသူကြီးငါးဦးပါသော ဘာသာစုံခုံရုံးဖွဲ့၍ စစ်ဆေးကြားနာခဲ့သည်။

တရားသူကြီးချုပ် ဂျေအက်စ်ခီးဟာ ဦး ဆောင်သော အဆိုပါ ခုံရုံးအဖွဲ့သည် မေလ ၁၁ ရက်နေ့မှ စကာ ခြောက်ရက်ကြာ ကြားနာခဲ့ သည်။ နှစ်ဖက်စလုံးကိုလည်း လျှောက်လဲချိန် အညီအမျှ ပေးခဲ့သည်။

“တလက်” သုံးကြိမ်ခေါ်ကာ ကွာရှင်းသည့် အလေ့အကျင့်ကို ပိတ်ပင်ရေးကို ဆန့်ကျင်ရာ တွင်ပါဝင်သော အဖွဲ့တစ်ခုဖြစ်သည့် နာမည်ကြီး လှသော အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မူဆလင်ပုဂ္ဂလိ ကဆိုင်ရာ ဥပဒေပြုအဖွဲ့ကတော့ ယင်းအလေ့အ ကျင့်ကို ကျင့်သုံးနေသည်မှာ နှစ်ပေါင်း ၁၄၀၀ ပင် ကျော်ခဲ့ပြီဖြစ်ကြောင်း တလက်သုံးကြိမ်ခေါ် ကာကွာရှင်းခြင်းမှာလည်းမွတ်စလင်များအတွက် ဘာသာရေးယုံကြည်မှု ကိစ္စရပ်တစ်ခုပင်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။
အကယ်၍ အမျိုးသားများအနေဖြင့် မိမိ တို့၏ ဇနီးသည်များကို လွယ်လွယ်နှင့် ကွာရှင်း၍ မရပါက အရှင်လတ်လတ် မီးရှို့ခြင်း၊ သတ်ဖြတ် ခြင်းများစသော ရာဇဝတ်မှုများကို ကျူးလွန်လာ နိုင်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

ထို့အပြင် ယင်းအဖွဲ့၏ရှေ့နေက အိန္ဒိယ၏ ဘာရတိယဂျနတပါတီအစိုးရမှာ ဟိန္ဒိူအမျိုးသား ရေးဝါဒကို လက်ကိုင်ထားနေပြီး မွတ်ဆလင်များ ပုဂ္ဂလိကစည်းမျဉ်းများ၊ ဝတ်စုံများ ဓလေ့ထုံးစံ များကို ပျက်စီးရာပျက်စီးကြောင်း လုပ်နေသည် ဟုပင် ပြောဆိုခဲ့သည်။
တရားသူကြီး ခုံရုံးက တရားရုံးအနေဖြင့် ယင်းအလေ့အထကိုအားမပေးကြောင်း၊”တလက်” သုံးကြိမ်ခေါ်ကာ ကွာရှင်းသူများကို လူ့အသိုင်း အဝိုင်းက သပိတ်မှောက်မည်ဖြစ်ကြောင်း ကတိ ပြုခဲ့သည်။ သို့သော် တရားလိုများ၏ ကိုယ်စား လှယ်ရှေ့နေ အင်ဒီရာဂျိုင်ဆင်ကတော့ ယင်း စိတ်ကူးကို အပြင်းအထန်ကန့်ကွက်ခဲ့သည်။

‘တရားဝင် မဟုတ်တာတစ်ခုကို တရားဝင် မဟုတ်တာနဲ့ လွှမ်းမိုးတာပဲ။ လူအသိုင်းအဝိုင်း ကနေ ဖယ်ကြဉ်တယ်ဆိုတာကလည်း တရားဝင် မဟုတ်ဘူးလေ။ တရားရုံးအနေနဲ့”တလက်”ခေါ်ပြီး ကွာရှင်းတဲ့ ဓလေ့ကို အဖွဲ့အစည်းလွန် နည်းလမ်း တွေနဲ့ဖြေရှင်းမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်’ ဟု တွစ်တာတွင် ရေးသားခဲ့သည်။ ထို့အပြင် တရားခွင်တွင်လည်း ‘မဟာဖိုဝါဒကိုသာတွင်တွင် ကြားခဲ့၊ မြင်ခဲ့၊ ခံစားခဲ့ရတယ်’ ဟုလည်း ရေး သားခဲ့သည်။

ဆင်ခြင်တုံ တရားကင်းမဲ့သည်၊ တရားမျှတ မှုမရှိဟူသော စွပ်စွဲချက်များက တရားသူကြီးများ ကို စိုးရိမ်စိတ်ပိုစေပုံရသည်။”တလက်”ခေါ်ကာ ချက်ချင်း ကွာရှင်းခွင့်သည် သီအိုရီအရပင် မ ကောင်းလျှင် ဥပဒေအရဆိုလျှင် မည်သို့ ကောင်း နိုင်မည်နည်းဟု အထပ်ထပ် မေးခွန်းထုတ်ခဲ့ သည်။
‘သောကြာနေ့တိုင်း ဗလီမှာ ဆုတောင်းတဲ့။ ဆုတောင်းစာထဲမှာ”တလက်”သုံးကြိမ်ခေါ်တာဟာအပြစ်ရှိတယ်၊ မကောင်းဘူးလို့ ပြောတယ်။ ဒါဆိုရင် ဘာကြောင့်”တလက်”သုံးကြိမ်ခေါ်ပြီး ကွာရှင်းတာက အစ္စလာမ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ပြောရတာလဲ’ ဟု တရားသူကြီးချုပ် ခီးဟာက မေးခွန်းထုတ်သည်။

‘ဘုရားသခင်က အပြစ်ရှိတယ်လို့ပြောထား တာကို လူတွေက အပြစ်မရှိဘူးလို့ ပြောလို့ ရ သလား’ ဟု တရားသူကြီး ခူရီယန် ဂျိုးဆက်က ပြောသည်။
နောက်ဆုံးတွင်တော့တရားရုံးက”တလက်” သုံးကြိမ်ခေါ်၍ ကွာရှင်းသည့်ဓလေ့သည် နှစ် ပေါင်း ၁၄၀၀ ကျော်မျှ ကျင့်သုံးခဲ့သဖြင့် လက်ခံ ကျင့်သုံးသင့်သည့်ဆိုသည့် အချက်ကို ပယ်ချခဲ့ သည်။

အင်္ဂါနေ့ကချခဲ့သောအမိန့်တွင်ယင်းမေးခွန်း အတွက် အဖြေတစ်ခုပေးခဲ့သည်။ “တလက်”သုံး ကြိမ်ခေါ်ကာ ချက်ချင်းကွာရှင်းခြင်းသည် ဘာ သာရေးအရ အပြစ်ရှိရုံမက တရားဥပဒေအရ လည်း တရားမဝင်တော့ဆိုသည့်အဖြေပင်။ ။

Source: Triple talaq: How Indian Muslim women fought, and won, the divorce battle by BBC

Leave a Reply