မော်လမြိုင်၊ နိုဝင်ဘာ

မွန်ပြည်နယ်ကမ်းရိုးတန်း၊ ရေနက်ပိုင်းနေရာများတွင် ရေနံဆိပ်ကမ်းနှင့် လောင်စာဆီသိုလှောင်ကန်များ ဆောက်လုပ်ရန် ကုမ္ပဏီများမှ တင်ပြခြင်းကို ပြည်နယ်ဝန်ကြီးချုပ်က သဘောတူလက်ခံကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးထွန်းဌေးက ပြောသည်။

ပြည်နယ်တွင်းရှိ လောင်စာဆီဈေးကွက်ကိုထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများအဖို့ ဈေးနှုန်းတစ်ပြေးညီတည်း ရရှိအသုံးပြုနိုင်ရေးအတွက် ယင်းသို့ သဘောတူလက်ခံခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကုမ္ပဏီတွေ လာတင်ပြတာကို လက်ခံတယ်။ သုံးလေးခုလောက် လာတင်ပြတာရှိတယ်။ တချို့ကလည်း ပြည်နယ် အစိုးရနဲ့ ပေါင်းစပ်လုပ်ဆောင်မယ်။
တချို့ကလည်း တစ်ဦးတည်းလုပ်ဆောင်ဖို့ တင်ပြတယ်” ဟု၎င်းင်းက ဆိုသည်။

လက်ရှိအခြေအနေတွင် မုဒုံဆိပ်ကမ်း၌ MOSP ကုမ္ပဏီက လုပ်ငန်းစတင် လည်ပတ်ရန်အတွက် ပြည်နယ်အစိုးရကို အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ယင်းကုမ္ပဏီမှ လုပ်ငန်းပြီးမြောက်ပါက မွန်ပြည်နယ် လောင်စာဆီဈေးကွက်တွင် ပြည်သူများထံ ဈေးနှုန်းတစ်မျိုးတည်းဖြင့်သာ ရောင်းချပေးရန် ရည်ရွယ်ထားပြီး က
ရင်ပြည်နယ်အထိဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ယခုအခါ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းလျော့ကျပြောင်းလဲနေသော်လည်း ပြည်တွင်းလောင်စာဆီဈေးနှုန်းမှာမူ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်မြင့်တက်
နေဆဲဖြစ်သည်။

Written by  – ရင်ငြိမ်းချမ်း

Leave a Reply