Advertisements

မော်လမြိုင်၊ ဇန်နဝါရီ ၂၅

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ကြီးအဆင့်ရှိ နိုင်အောင်ဆိုသူမှ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီး၍ ဇန်နဝါရီ ၂၃ ရက်နေ့က မွန်ပြည်ရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၊ ဇော်ကုန်းရပ်ကျေးရွာလမ်းမပေါ်တွင် မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချလေ့ရှိသည်ဟု မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မူခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မူခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချသည်ဟု မသင်္ကကာဖွယ်ဖမ်းဆီးထားသူမှာ မော်လမြိုင်မြို့၊ ဇော်ကုန်းကျေးရွာနေ မျိုးအောင် (ခ) ဘီဂျေး (၃၃ နှစ်) ဆိုသူဖြစ်ပြီး ၎င်း၏ ကိုယ်ခန္ဓာတွင် ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီတို အိတ်ကပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ ပြားနှင့် ငွေစက္ကူ ၄,၃၀၀ ကျပ်တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသိမ်းဆည်းရမိခဲ့မှုနှင့် ပတ်သက်၍ မျိုးအောင်ကို မုပွန်နယ်မြေရဲစခန်း၌ မယ (ပ) ၅/ ၂၀၁၉၊ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)/ ၂၀ (က) အရ အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခေတ်မင်း

Advertisements
<

Leave a Reply