မော်လမြိုင်၊ မတ် ၁ ။ ။ မွန်စာပေ နှင့် ဘာသာစကား ကို အလွယ် တကူလေ့လာ နိုင်မည့် မွန်စာပေလေ့ကျင့်ရေးစီဒီအခွေများကို အခမဲ့ဖြန့်ဝေလျက်ရှိကြောင်း အဆိုပါ စီဒီများ ဖြန့်ချီ နေသော ဆရာတော် အရှင် ဥက္ကံသ က ဟင်္သာမီဒီယာသို့ မိန့်ကြားသည်။

FB_IMG_1456838934545

“မွန်လူမျိုးများလက်ထဲများများရောက်နိုင်အောင် မွန်အမျိုးသားနေ့ကို အဓိကထားပြီး ဖြန့်ဝေခဲ့တယ်၊ မြို့နယ်မှာ ဖြန့်ချိဖို့ မြို့နယ်တိုင်းရှိ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီကိုလည်း ပို့ဆောင်ပေးခဲ့တယ်၊ ဦးဇင်းတို့အနေနဲ့ စာပေလေ့လာရေးအခွေကို နောက်ကျပြီးမှ လုပ်လိုက်ရတာ တစ်ချို့ မြို့နယ်တွင် အဆက်အသွယ်မရရှိခဲ့ဘူး” ဟု အဆိုပါ ဆရာတော် က မိန့်ကြား သည်။

ယင်းစာပေလေ့လာရေးအခွေကို နယ်စပ်မှ မွန်စာပေထိန်းသိမ်းရေးအဖွဲ့ နိုင်အောင်ပိုင် ထုတ်လုပ်ပေး ခဲ့ပြီး အွန်းလိုင်းမွန်ပညာထောက်ပံ့ရေးအဖွဲ့(MEG) မှ စီစဉ်ဖြန့်ချိပေးခဲ့ကြောင်း ဆရာတော် က ဆက်လက်မိန့်ကြား သည်။
“ဒီမွန်စာပေလေ့လာရေးအခွေက တန်းဖိုးရှိတယ် တန်းဖိုးထားကြပါ၊ အိမ်မှာပစ်ထားရင် အကျိုးမရှိဘူး၊ တစ် နေ့ကို ငါးမိနစ်လောက် လေ့လာပြီး တတ် မြောက်နိုင်တယ်၊ စာပေကို သင်ယူပါ လေ့လာပါ” ဟု ဆရာတော် က မိန့်ဆိုသည်။

မွန်စာပေလေ့လာရေးအခွေကို အခမဲ့ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ယင်းအခွေများကို ဖြန့်ချိလိုသော ဆန္ဒများရှိပါက ကိုယ်တိုင်ကူးယူပြီး မူလပိုင်ရှင်တွင် ခွင့်တောင်းစရာမလိုကြောင်း အဆိုပါ စီဒီခွေ ဖြန့်ဝေ သူများ ထံ မှသိရှိရသည်။

၂၀၁၅နှစ်တွင် အနယ်နယ်အရပ်ရပ်ရှိ နွေရာသီမွန်စာကျောင်းများကို အဓိကထား၍ မွန်စာလေ့လာရေးအခွေ နှစ်သောင်းကျော် ဖြန့်ချိခဲ့ပြီး ထိုင်းနိုင်ငံတွင် နှစ်ထောင်ကျော် ဖြန့်ဝေခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မွန်အမျိုးသား နေ့နှင့် ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ် ရေးစက်ချပွဲတွင် နှစ်သောင်းခွဲကျော် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

Leave a Reply